ဩဂုတ် - ၂၉ ( သောကြာနေ့ )
ယူကရိန်းကင်းထောက်သင်္ဘော ဆင်မ်ဖာရိုပိုလ် ကို ရုရှားရေတပ်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောတိုက်ခိုက်ခံလိုက်ရတဲ့အကြောင်းကိုလည်း ယူကရိန်းဘက်က ကြာသပတေးနေ့မှာ မီဒီယာကို အတည်ပြုပေးခဲ့ပါတယ်။
ဆင်မ်ဖာရိုပိုလ် ကို ဒန်ညုမြစ်ဝတွင် ရုရှား မြန်နှုန်းမြင့် မောင်းသူမဲ့ သင်္ဘောတစ်စီးက တိုက်ခိုက်ဖျက်စီး လိုက်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့ကြေညာချက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ “တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ ယူကရိန်းရေတပ်သင်္ဘော နစ်မြုပ်သွားတယ်” လို့ ဖော်ပြခဲ့ပါတယ်။
ထိခိုက်မှုအခိုက်အတန့်ကို ပြသတဲ့ ဒရုန်းလေယာဉ်တစ်စင်းပေါ်ကနေ ရိုက်ကူးထားတဲ့ ဝေဟင် ရုပ်သံမှတ်တမ်းများကိုလည်း ဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
အပူအာရုံခံကင်မရာဖြင့် ရိုက်ကူးထားတဲ့ ဗီဒီယိုတွင် မြစ်ကမ်းစပ်ရှိ သင်္ဘောတစ်စင်းမှာ မီးတောက်တွေ တောက်လောင်နေတာကို တွေ့ရပါတယ်။ အဲ့ဒိသင်္ဘောနဲ့ မလှမ်းမကမ်းမှာ အခြားသင်္ဘာ၂စင်းလည်း ရှိနေပါတယ်။
ယူကရိန်းစစ်တပ်မှ ပြောခွင့်ရသူတစ်ဦးက “တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲရလဒ်ကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သင်္ဘောသားအများစုဟာ ဘေးကင်းပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသား အများအပြားကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။ သူ့အပြောအရ သင်္ဘောသား အနည်းဆုံးတစ်ဦး သေဆုံးကာ အခြားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းကျွမ်းကျင်သူတွေရဲ့ အဆိုအရ ယူကရိန်းရေတပ်သင်္ဘောကို ရုရှား ရေတပ်ဒရုန်းသင်္ဘောနဲ့ ပထမဆုံး တိုက်ခိုက်ဖျက်စီးနိုင်တာလို့ သိရပါတယ်။ ယူကရိန်းရေတပ်က လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာ ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိပေမဲ့ ယူကရိန်းရေတပ်သင်္ဘောတွေက ပင်လယ်ထဲမှာ ရှိနေတဲ့ အရပ်ဖက်သင်္ဘောတွေကို ဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်နေတဲ့ ပလက်ဖောင်းတစ်ခုလိုဖြစ်နေတယ် ဆိုပြီး ရုရှားဖက်က စွပ်စွဲထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment