မြောက်ဥက္ကလာပမြို့နယ်၌ (၃၈)ဖြာမင်္ဂလာ နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ (၃၈)ဖြာမင်္ဂလာ နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်










မြောက်ဥက္ကလာပ၊  ဩဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ ဦးဆောင်မှု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ အနီးကပ်ကြီးကြပ်မှု မရမ်းကုန်းခရိုင် နှင့်  မြောက်ဥက္ကလာပမြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA တို့မှ ပူးပေါင်း၍ (၃၈)ဖြာမင်္ဂလာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဆင်းပွဲကို ယနေ့ နေ့လယ် ၁ နာရီ အချိန် (ဆ)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆိုကရေးတီးရွှေတံဆိပ်ဆုများရှင် မနိုင်ကြည်ပြာလှိုင်းမှ ကီးဘုတ်တီး၍ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လောကအလှဆင်သူများ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း တိုင်းဒေသကြီး ၊ ဒုတိယဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြပြီး မြို့နယ်ဗုဒ္ဓဘာ သာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌ ဦးဟန်၀င်းလှိုင် က သင်တန်းဖွင့်လှစ်ခဲ့ရသည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဩဝါဒါစရိယ၊ မင်္ဂလဓမ္မဇောတိကဓဇ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ ဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်က ဩဝါဒစကားမြွတ်ကြားပြီး မြို့နယ်ဗုဒ္ဓဘာ သာကလျာဏယုဝအသင်း  အလုပ်မှုဆောင် ဦးစန်းဦး နှင့် ဇနီး တို့က  လှူဒါန်းပေးအပ်သော ကျပ်သိန်းခြောက်ဆယ်တန်ဖိုးရှိ (၃၈)ဖြာ မင်္ဂလာသင်ကြားရေး အထောက်အကူပြု ပုံနှိပ်စာအုပ်များအား တာ၀န်ရှိသူများထံ လှူဒါန်းပေးအပ်ခဲ့ကြသည်။

ဆက်လက်၍  (၃၈)ဖြာမင်္ဂလာ နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းနည်းပြ ဆရာကြီးများ ၊ သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခြင်း နှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ တာ၀န်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ 

ယင်းနောက် မရမ်းကုန်းခရိုင် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းဦးက ကျေးဇူးတင်စကား ဆက်လက်ပြောကြားခဲ့ပြီး  အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆိုကရေးတီးရွှေတံဆိပ်ဆုများရှင် မနိုင်ကြည်ပြာလှိုင်းမှ ကီးဘုတ်တီး၍ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။  

အဆိုပါ(၃၈)ဖြာမင်္ဂလာ နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းကို မြောက်ဥက္ကလာပမြို့နယ်အခြေခံကျောင်းများမှ ဆရာဖြစ်သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမ (၇၈)ဦး၊ မရမ်းကုန်းမြို့နယ်မှ သင်တန်းသား/သူ(၁၀)ဦး နှင့် လှိုင်မြို့နယ်မှသင်တန်းသား/သူ(၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ  သင်ကြားပို့‌‌ချ  ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)