TNLA အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


နေပြည်တော်၊ ဩဂုတ် ၂၄

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ နယ်၊ နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး - လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတား အရှည် (၂၂၆၀) ပေ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်း အနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိသည့် မီးရထားလမ်း တံတားတစ်ခုဖြစ်သည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ယင်းတံတားကို တည်ဆောက် သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက် ဆက် ထင်ရှားကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်သဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများလည်း အများအပြားလာရောက် ကြည့်ရှုလေ့လာသည့်တံတားတစ်စင်းလည်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသား တစ်ခုဖြစ်သည့် ဂုတ်ထိပ် တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက် ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့သည်။

လက်ရှိအချိန်တွင် TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတား အား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်း တံတား၏ ကမ်းကပ်ခုံ(AB 2)နှင့် တံတားတိုင်အမှတ်(P 16) နှင့် ကမ်းကပ်ခုံ (AB 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတားသံပေါင်နေရာတို့ ပျက်စီးခဲ့ရသည်။

ယင်းကဲ့သို့ TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိဉာဏ်နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်လုပ်ရပ်အား ပြည်သူ လူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်း ထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)