စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်‌တော့မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်‌တော့မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြောကြား












ပုသိမ်၊ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့က  ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ တောင်သူဦးရဲမင်း၏ စိုက်ဧက(၃) ဧကတွင်ပြုလုပ်သည့် အထွက်တိုး အောင်နိုင်တိုးမျိုးစပါးစံပြကွက်တွင် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းနှင့် ပေါ်ဆန်းစပါး(၁၁)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါ်ဆန်းစပါးစမ်းသပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ဆန်းစပါးမျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်းဆောင်ရွက်မှုများ၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ ကွင်းဆင်းလာရောက်လေ့လာသည့် စိုက်ပျိုးရေးအထူးပြုကျောင်းသား၊ ကျောင်းသူအားတွေ့ဆုံ၍ “တိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်တွင် တစ်ခရိုင်လျှင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁) ကျောင်းဖြင့် စုစုပေါင်း(၈)ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်‌တော့ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade-12 အောင်မြင်ပြီးစီးပါက ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်းနှင့် မိမိတို့၏ ညီငယ်၊ မောင်ငယ်များ၏စံနမူနာပြဖြစ်အောင် ‌ကြိုးစားကြရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ကြသည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာသို့သွားရောက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကံဆိပ်ကျေးရွာလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းအား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (၂၀၂၃)ဖြင့်ဆောင်ရွက်သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၊ တိုင်း‌ဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့် လျှပ်ဓာတ်အားဖြန့်ဖြူးပေးဝေနေမှုများအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆိုလာလျှပ်စစ်မီးဖြင့် ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲနေမှုများ၊ သန့်စင်သောသောက်သုံးရေပေးဝေရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလုပ်ငန်း ဆောင်ရွက်နိုင်မှုအ‌ခြေအ‌နေများအား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံဆိပ်ကျေးရွာရွှေအုန်းပင်ကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ ဒေသဖွံ့ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဓမ္မရက္ခိတဓမ္မာရုံကျောင်းတော်ကြီးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာအတွင်းမီးလင်းရေးအပြင် သန့်ရှင်းသောသောက်သုံးရေကိုရရှိပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအားစနစ်တကျဖြင့်ခြိုးခြံချွေတာသုံးစွဲရန်လိုပါကြောင်း၊ KG+9ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းသို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်းနှင့် မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ Grade-12ပြီးမြောက်အောင်မြင်ပါက အဆိုပါတက္ကသိုလ်သို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများအနေဖြင့် မိမိတို့၏ တပည့်သား၊ သမီးများအား ပညာတတ်ကြီးများဖြစ်အောင်ပြုစုပျိုးထောင်ပေးကြရန်လိုအပ်‌ကြောင်း” ပြောကြားခဲ့ပြီး ကျေးရွာ၏ ပညာကျေး၊ ကျန်းမာရေးလိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ လောကချမ်းသာအောင်မင်္ဂလာသိဒ္ဓိစေတီတော်အားလှည့်လည်ဖူးမြော်ကြည်ညိုခဲ့‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)