ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ



မန္တလေး၊ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၈နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ပါမောက္ခချုပ်ဆရာတော်၊ ပါမောက္ခများ၊ ကထိကများအား ခန်းမအတွင်းပင့်ဆောင်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိက ဩဝါဒကထာမိန့်ကြားပြီး၊ ပါမောက္ခ ဒေါက်တာဆန်းမြင့် က Keynote ပြောကြားခဲ့သည်။ ထို့နောက် မော်ကွန်းထိန်းဆရာတော်မှ ဘွဲ့ခံပုဂ္ဂိုလ်များ တစ်ဦးချင်းခေါ်ယူ၍ ပါမောက္ခချုပ် ဆရာတော်မှ သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း (၈၀) ဦးအား ဘွဲ့များ အသီးသီး အပ်နှင်းချီးမြှင့်ခဲ့သည်။

အဆိုပါတက္ကသိုလ်တွင်  MA (Buddhism)၊ Diploma in Communication and Research Skills၊ Diploma in English Language Proficiency (1/ 2023)၊ (2/2023)၊ ဘွဲ့များချီးမြှင့်ပေးခဲ့ပြီး၊ PhD၊ PhD (Prelim)၊ MA/ MPhil (first year)၊ MA/ MPhil (second year)၊ MA (Prelim) ဘွဲ့များလည်း ချီးမြှင့်ပေးလျက်ရှိသည်။ ဆက်လက်၍ ဗီယက်နမ်နိုင်ငံမှ Dr Nguyen Hong Thai အား အဆိုပါတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)