မြောက်ဥက္ကလာပ၊ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေ ခံပညာအထက်တန်းကျောင်း ကန်သာယာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ဒုတိယညွန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေက အမှိုက်စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်လျှင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပြဿနာများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပလတ်စတစ် ပစ္စည်းများအား အသုံးပြုမှုပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိန်ခေါ်နေခြင်းကြောင့် ပလတ်စတစ်ပစ္စည်းများကို ပြန်လည်အသုံးပြုကြရန်၊ ရုံး၊ ဌာန၊ စာသင်ကျောင်း၊ စျေးများနှင့် အများပြည်သူသွား လမ်းသွားလမ်းလာနေရာများတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် လိုအပ်ပါကြောင်း စသည့်တို့ကိုပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ညွန်ကြားရေးမှူး ဒေါက်တာ ခင်နှင်းအေး က အမှိုက်အမျိုးအစားအလိုက်အရောင်ဖြင့် ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အဝါ၊ အစိမ်း၊ အနီ၊ အပြာ အမှိုက်ပုံးအရောင် အမှိုက်အမျိုးအစား(၄)မျိုး စွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်၊ ဘောပင် နှင့် ခဲတံများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။
ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုးက ကျေးဇူးတင်စကားပြောပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment