ပုဇွန်တောင်မြို့နယ် သဟပုညကာရီဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer JN.1 - Grey Cap) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် သဟပုညကာရီဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer JN.1 - Grey Cap) ထိုးနှံပေး




ပုဇွန်တောင်၊ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၃)ရပ်ကွက်၊ သဟပုညကာရီဓမ္မာရုံတွင် ယနေ့ နံနက် ၉:၃၀ နာရီအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Pfizer JN.1 - Grey Cap) ထိုးနှံပေးခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများမှ အမှတ်(၃)ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နေပြည်သူများနှင့်  နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း (၇၂) ဦးအား (Pfizer JN.1 - Grey Cap)  ဆေးထိုးနှံပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ် (၃)နှင့် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာ/ဆယ်မှူးများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)