မအူပင်မြို့နယ်တရားရုံးက သံဃာတော်တစ်ပါးကို လေးဂွဖြင့်ပစ်ခတ်ပြီး ဝိုင်းဝန်းထိုးကြိတ် စော်ကားသူများကို အာမခံပေး၍ ပြန်လွှတ်ထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ်တရားရုံးက သံဃာတော်တစ်ပါးကို လေးဂွဖြင့်ပစ်ခတ်ပြီး ဝိုင်းဝန်းထိုးကြိတ် စော်ကားသူများကို အာမခံပေး၍ ပြန်လွှတ်ထားကြောင်း သိရ



မအူပင်၊ သြဂုတ် ၆

မအူပင်မြို့နယ်တရားရုံးက သံဃာတော်တစ်ပါးကို ဝိုင်းဝန်းထိုးကြိတ်စော်ကားသူများကို အာမခံပေး၍ ပြန်လွှတ်ထားကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မ ထံမှ သိရသည်။

ဆရာတော် က "ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ မြို့နယ်တရားရုံးမှ ရဟန်းတစ်ပါးကို ဝိုင်းဝန်းထိုးကျိတ်ကြသည့် လူငယ်(၄)ဦး အား ပုဒ်မ ၂၉၅-က ဖြင့် စွဲဆိုထားသောအမှုကို အာမခံပေးပြီး ပြန်လွှတ်သည်ဟု သိရပါတယ်။ မအူပင်မြို့ မြို့နယ်တရားရုံးမှ ရဟန်းသံဃာများကို လူပုဂ္ဂိုလ်များမှ တရားဝင် စော်ကားထိုးကျိတ်ခွင့် ပြုပေးနေတာလား၊ အမြန်ဆုံး ဖြေရှင်းပါ။ မဖြေရှင်းပါက မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) နှင့် အမျိုး ဘာသာ သာသနာကို ချစ်ခင်လေးစား တန်ဖိုးထားကြကုန်သော ရဟန်း ရှင်လူ ပြည်သူများမှ မအူပင်မြို့နယ် တရားရုံးအား ဆန္ဒပြ တောင်းဆိုသွားမည်။" ဖြစ်ကြောင်း မိန့်ကြားသည်။

မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာရှိ သုံးပွင့်တစ်ခိုင်ဇေယျဝတီကျောင်းတိုက်၏ ဦးဥက္ကံသဘွဲ့အမည်ရှိ သံဃာတစ်ပါးကို လွန်ခဲ့သော (၉.၆.၂၀၂၅)ရက်နေ့၊ နေ့လည်(၂)နာရီခန့် အချိန်တွင် သုံးပွင်တစ်ခိုင်ဇေယျဝတီကျောင်းတိုက် သောင်တန်းကျေးရွာအတွင်းသို့ ဆွမ်းချိုင့်သွားပို့စဉ် မျိုးကျော်ကျော်၊ အောင်ကို၊ ပိုင်မင်းထက်၊ အောင်မြတ်သာ တို့၊ တို့(၄)ဦးမှ ကျောင်းဝန်းအတွင်းတွင်ရှိသော ငှက်များအား လိုက်လံပစ်ခတ်မှုရှိနေသဖြင့် ဦးဥက္ကံသမှ ထိုသို့လုပ်ဆောင်ခြင်းမပြုလုပ်ရန် တားမြစ်ပြောဆိုသည့်အပေါ် ထိုသူ(၄)ဦးမှ ဦးဥက္ကံသအား သရေခွဖြင့်ပစ်ခြင်း၊ ကျန်သူ(၂)ဦးမှချုပ်ပေးပြီး တစ်ဦးမှ လက်သီးဖြင့်ထိုးခြင်းများ လုပ်ဆောင်သဖြင့် မျက်နှာ၌ နှဖူးဖူးယောင်ဒဏ်ရာ၊ ယာမျက်လုံးဖူးယောင်ဒဏ်ရာ၊ ယာနားထင်ဖူးယောင်ဒဏ်ရာ၊ ယာဘက်ပါးဖူးယောင် ဒဏ်ရာများရရှိခဲ့ပြီး ထိုသို့လုပ်ဆောင်သည့်အပေါ် အနီးတွင်ရှိသော ဒေါ်မြင့်မြင့်စန်း၊ ဦးတင်စိုးတို့မှ အပြေးရောက်ရှိလာပြီး တားမြစ်သဖြင့် ထိုသူ(၄)ဦးမှာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားသည့်အကြောင်းအရာနှင့်ပတ်သက်၍ သုံးပွင့်တစ်ခိုင်ဇေယျဝတီကျောင်းတိုက်၏ ဂေါပကဥက္ကဌဖြစ်သူ ဦးနိုင်ဝင်းမှ တရားလိုပြုလုပ်ပြီး အဆိုပါလူပုဂ္ဂိုလ်(၄)ဦးအား ရာဇသတ်ကြီးပုဒ်မ -၂၉၅(က)ဖြင့် တရားစွဲဆိုထားရှိခဲ့ပြီး အဆိုပါအမှုအား မအူပင်မြို့နယ်တရားရုံးတွင် အမှ အမှုအား လက်ခံစစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ တရားခံများအား အာမခံပေးပြီး ပြန်လွှတ်ခဲ့သည့်အပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) သို့ ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မက မိန့်ကြားသည်။

ဦးဉာဏဓမ္မ က "ဘုန်းကြီးတို့ဆီ ဆက်သွယ်အကြောင်းကြားလာလို့ ရဲစခန်းဘက် ဆက်သွယ်စုံစမ်းကြည့်တော့ ၂၉၅-က နဲ့ အမှုဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဒီပုဒ်မ က အာမခံပေးလို့ ရတဲ့ ပုဒ်မမှ မဟုတ်ဘဲနဲ့။ ဒါကို တရားသူကြီးက သံဃာတစ်ပါးကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတဲ့သူတွေကို အာမခံပေးထားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီကိစ္စအတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု မိန့်ကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)