မိုးဗြဲမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းပြီး မြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်အောင် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်း စစ်သည်များကို စစ်ရာထူးခန့်ချုပ်နှင့် တိုင်းမှူးကိုယ်တိုင် စစ်မြေပြင်အဆင့်တိုးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဆင့်တိုးချီးမြှင့်ရာတွင် အထက်တန်းသူနာပြုအရာရှိ ၁ ဦး၊ တကက မှ ဒုအရခဗ ၂ဦး၊ တက မှ တကက ၆ဦး၊ ဒုတက မှ တက ၁၀ဦး၊ တသ မှ ဒုတက ၁၉ဦး စုစုပေါင်း ၃၈ ဦးကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်သားများထဲတွင် ပြည်သူ့စစ်မှုထမ်း တပ်သား ၁၀ဦးလည်း ဒုတက အဖြစ် ချီးမြှင့်ခြင်းခံရသည့်အထဲတွင် ပါဝင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment