အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)၌ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)၌ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းအခမ်းအနား ကျင်းပ



အင်းစိန်၊ ဩဂုတ် ၁၀

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာ လုပ်ငန်းခွင်တွင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံရေးသိပ္ပံ/ လူမှုရေးသိပ္ပံဘာသာရပ်များကို ပြင်ပညာရှင်များ သက်ဆိုင်ရာတက္ကသိုလ်များမှ ဆရာများအား ဖိတ်ကြားပြီး သင်ကြားပေးခဲ့ကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒ၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ အခြေခံဥပဒေ၊ စီမံခန့်ခွဲရေးဥပဒေဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားပို့ချပေးခဲ့ကြောင်း၊ ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်နှင့် အများပြည်သူအတွက်၊ မိမိတို့ဌာနအတွက်၊ နိုင်ငံတော်အတွက် အလုပ်တာဝန်များကို လုပ်ဆောင်ရာတွင် ဆင်ခြင်တုံတရား၊ စိတ်ရင်းစေတနာကောင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် သင်တန်းမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်ကဗျာများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများ စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦးဖြင့် ရက်သတ္တပတ်(၁၀)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)