ဩဂုတ် - ၉ ( စနေနေ့ )
ဂါဇာဒေသကို အပြီးသိမ်းဖို့လုပ်နေတဲ့ အစ္စရေးရဲ့ အစီအစဉ်ကို တရုတ်နိုင်ငံက ရှုတ်ချခဲ့ပြီး ဂါဇာသည် ပါလက်စတိုင်းတွေရဲ့ ပိုင်နက် ကုန်းမြေ တစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ သောကြာနေ့ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန် က အစ္စရေးအား “အန္တရာယ်ရှိသော လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန်” တိုက်တွန်းလိုက်ပါတယ်။
“ချက်ခြင်း အပစ်အခတ်ရပ်စဲပါ၊ ဂါဇာဟာ ပါလက်စတိုင်းပြည်သူတွေပိုင်တယ်” လို့ လင် က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ဂါဇာအပြီးသိမ်းရေး အစီအစဉ်ကို အစ္စရေးစစ်တပ် IDF က မကြိုက်ပေမဲ့ မနေ့ကတော့ အစ္စရေးကဲဘိနက်ရဲ့ လုံခြုံရေးကောင်စီက ခွင့်ပြုလိုက်ပါတယ်။
လွန်ခဲ့သည့်လနှောင်းပိုင်းတွင် အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အထူးသံတမန် ဇိုင်ဂျန် က ဂါဇာကမ်းမြောင်ဒေသ၏ အခြေအနေကို အတင်းအကျပ်ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှသည် ငြိမ်းချမ်းရေးကို ယူဆောင်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဖြေရှင်းချက်အတွက် ဘေဂျင်း၏ ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် ပြင်သစ်နှင့် ဗြိတိန်တို့ ကဲ့သို့ ဥရောပနိုင်ငံတွေ ကလည်း အစ္စရေး၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment