ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့အကြား လူမှုရေးမူဝါဒ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး(ရှေးဦးကာလ လေ့လာသင်ယူမှု) လုပ်ငန်းအစီအစဉ် (Work Plan)များ လက်မှတ်ရေးထိုး၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ၊ ဝန်ကြီးဌာနနှင့် UNICEF တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် UNICEF ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)