အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲတွင် ခိုလမ်တပ်နယ်(ခ)အသင်းက ဒိုင်းဆုရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲတွင် ခိုလမ်တပ်နယ်(ခ)အသင်းက ဒိုင်းဆုရရှိ

 


နေပြည်တော်၊ ဩဂုတ်၂၂

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ခိုလမ်တပ်နယ် (က) အသင်းနှင့် ခိုလမ်တပ်နယ် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခိုလမ်တပ်နယ်(ခ)အသင်းက အနိုင်ရရှိပြီး ဒိုင်းဆုရရှိခဲ့သည်။

အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်ခိုလမ်တပ်နယ်(က)အသင်းနှင့် ခိုလမ်တပ်နယ်(ခ)အသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက တစ်ဦးချင်း အကောင်းဆုံး ဆုရရှိကြသူများ၊ အသင်းလိုက်ဆုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ခိုလမ်တပ်နယ်(ခ)အသင်းတို့အား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။ 

အဆိုပါ ဘောလုံးပြိုင်ပွဲကိုတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းကိုးသင်းတို့ဖြင့် ဩဂုတ် ၉ ရက်မှ ယမန်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)