ကြံခင်းမြို့၊ ကမ္ဘာလုံးကျောင်းတိုက်၌ စာအောင်သံဃာများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် မုခ်ဦးထက်ရှိကမ္ဘာလုံးစေတီတွင် ထီးတော်တင်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၊ ကမ္ဘာလုံးကျောင်းတိုက်၌ စာအောင်သံဃာများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် မုခ်ဦးထက်ရှိကမ္ဘာလုံးစေတီတွင် ထီးတော်တင်ခြင်း အခမ်းအနားကျင်းပ









ကြံခင်း၊ ဩဂုတ်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ကမ္ဘာလုံးကျောင်းတိုက် ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် စာအောင်သံဃာံတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်း နှင့် မုခ်ဦးထက်ရှိ ကမ္ဘာလုံးစေတီတွင် ထီးတော်တင်မင်္ဂလာအခမ်းနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမ္ဘာလုံးကျောင်းတိုက် မုဓ်ဦးအားပြုပြင်မွမ်းမံ၍ ကမ္ဘာလုံးစေတီတွင် ထီးတော် တင်ခြင်းမင်္ဂလာအခမ်းအနားကိုပြုလုပ်ရာ သာသနဓဇဓမ္မာစရိယ၊ အသောကာရာမိက သာသနာပါလ ဓမ္မာစရိယ အရှင်တေဇာနန္ဒနှင့် အလှူရှင် တပည့်ဒါယိကာ၊ ဒါယိကာမများက ထီးတော်တင်လှူပြီး အမွေးနံသာ ရေတို့ဖြင့် ပက်ဖြန်းကြသည်။ ထို့နောက် ဓမ္မာရုံတော်ကြီးတွင် စာအောင်သံဃာတော် များအား ဂုဏ်ပြုပွဲကို ဆက်လက်ပြုလုပ်ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ သာသနဓဇဓမ္မာစရိယ၊ အသောကာရာမိက သာသနာပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ထံမှ အလှူရှင်တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်များက ငါးပါး သီလခံယူစောက် တည်ကြသည်။ ယင်းနောက် စာအောင်သံဃာတော်များအား အလှူရှင်များက အသီးသီး လှူဖွယ်ပစ္စည်းများနှင့် ဂုဏ်ပြုငွေများဆက်ကပ်လှူဒါန်းကြပြီး ကမ္ဘာလုံးကျောင်းတိုက် ဦးစီးပဓန ဆရာတော်ထံမှ ရေစက်တရားနာယူကာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါ စာအောင်သံဃာများဖြစ်ကြသော ၂၀၂၄ ခုနှစ်တွင် အခြေပြုမူလတန်းအောင် ရှင်အဂ္ဂဉာဏနှင့် ရှင်ဓမ္မိက တို့အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမတန်းအောင် ရှင်ပညာနန တို့အား ဂုဏ်ပြုချီးမြှင့်ပေးခြင်း ဖြစ်ကြောင်းသိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)