မုဒိမ်းကောင်၊ NLD ကကန်ထုတ်ထားတဲ့ကောင် ဆိုပြီး နာမည်ကြီးနေတဲ့ မျိုးရန်နောင်သိန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒိမ်းကောင်၊ NLD ကကန်ထုတ်ထားတဲ့ကောင် ဆိုပြီး နာမည်ကြီးနေတဲ့ မျိုးရန်နောင်သိန်း


ယခုရက်ပိုင်းအတွင်းမှာ ပြည်ပြေး ဝရမ်းပြေ ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ဝင်များကြား ပြဿနာများ ကြီးထွားနေပါတယ်။ ဒီအထဲမှာ အမေရိကန်ကို ဝရမ်းပြေးအဖြစ်နဲ့ ရောက်ရှိနေတဲ့ မျိုးရန်နောင်သိန်းကိုလည်း NLD ကကန်ထုတ်ထားတဲ့ကောင်၊ မုဒိမ်းကောင်ဆိုပြီး ပြန်လည်ဖော်ထုတ်ပြောဆိုမှုတွေ ရှိလာပါတယ်။

ဒီလို ပြန်လည်ဖော်ထုတ်ပြောဆိုခြင်းဟာလည်း မမှားပါဘူး။ အချင်းချင်း အတွင်းသိတွေထဲကပဲ ပြောကြတာ ဖြစ်ပါတယ်။ မျိုးရန်နောင်သိန်း ဟာ အာဝဇ္ဇာန်းကောင်းတယ်။ လှည်းတန်းအနီးဝန်းကျင်မှာ လူငယ်တွေကို စုရုံးပြီး ဟောပြောတာတွေ လုပ်ခဲ့ဖူးတာလည်း ရှိတယ်။ အရက်အလွန်အကျွံသောက်ပြီး မူးယစ်ရမ်းကားမှုတွေ ရှိသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေလည်း ရှိခဲ့တဲ့အတွက် NLD ပါတီအာဏာရတဲ့အချိန် မျိုးရန်နောင်သိန်း ဆိုတဲ့ ကောင်ကို ဘယ်နေရာမှာမှ အသုံးမပြုခဲ့ပါဘူး။

၅နှစ်ကျော်ကြာ NLD မှာ နေရာပျောက်နေတဲ့ မုဒိန်းကောင်မျိုးရန်နောင်သိန်း ဟာ မဲလိမ်မဲခိုးမှုတွေကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ စတင်ချိန်မှာ တကျော့ပြန် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကို ထပ်ဆင့်လှုံ့ဆော်ရင်းက ပြည်ပကို ထွက်ပြေးတော့လည်း မင်းကိုနိုင်နဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ 

မုဒိန်းကောင်အဖြစ် ပြန်လည်ဖော်ထုတ် ပြောဆိုလာမှုတွေနဲ့ ပတ်သက်လို့ မျိုးရန်နောင်သိန်း က ဟာသရသမြောက်စွာ ပြန်လည်တုန့်ပြန်ချေပထားတာကို အခုလို တွေ့ရပါတယ်။ ဘာတဲ့ "အရင်က NLD ကကန်ထုတ်ထားတဲ့ကောင်၊ ဒေါ်စုသုံးမစားတဲ့ကောင်၊ မုဒိမ်းကောင်ဆိုပြီး  ကျွန်တော်ကို အမည်ဖျက်ဖို့ ၊ ကျွန်တော်ရဲ့ ပြောဆိုဆွေးနွေးမှုတွေကို ပြည်သူတွေမယုံကြည့်ဖို့ ၊ ကျွန်တော်ရဲ့ တော်လှန်ရေးအပေါ်ဩဇာသက်ရောက်နေမှုကို ဖယ်ရှားဖို့ကြိုးစားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်အတွင်း ကျွန်တော့်ရဲ့ဆွေးနွေးရေးသားပြချက်တွေကတဆင့် အမေစုက ကျွန်တော်ကို ဘယ်လောက်အထိ ယုံကြည်တာဝန်ပေးခဲ့တယ်ဆိုတာပြည်သူတွေသိသွားကြတယ်။ ကျွန်တော်က အခုအချိန်ရေးပြပြောပြတယ်ဆိုတာ ၅ နှစ်ကျော်ကာလကို အောင့်အီးသီးခံလာခဲ့ပြီး အခုမဖြစ်အနေပြောပြရတာဖြစ်တယ်။ နောက်ပြီး အမေစုကိုယ်တိုင်ရှိနေချိန်၊ ဦးဝင်းမြင့် ၊ ဦးဟံသာမြင့် ၊ ဆရာမဒေါက်တာတင်မာအောင် တို့လိုမျိုး အမေစုအနားမှာ ရှိနေခဲ့သူတွေ ရှိနေချိန်မှာ ရေးတာဟာ credibility ပိုရှိတယ်လို့ မြင်တဲ့အတွက်ရေးတာဖြစ်တယ်။ အဲ့ဒီလိုရေးပြလိုက်တော့ ကျွန်တော်ဘယ်လောက်အထိ တာဝန်ပေးခံခဲ့ရတယ်၊ အသွင်ကူးပြောင်းရေးမှာ ကျွန်တော်ဘယ်လောက်အရေးပါခဲ့သလဲဆိုတာ ဒီကောင်တွေက သိသွားတယ်။ ပြည်သူတွေကိုလည်း အရင်ကလို ကျွန်တော်ဟာ “ ဘာမှမဟုတ်ပဲ၊ ကန်ထုတ်ခံထားရတဲ့ မုဒိမ်းကောင်ပါ” ဆိုတဲ့ narrative နဲ့ဂျင်းထည့်လို့ မရတော့ဘူးဆိုတာဒီကောင်တွေသိတယ်။ ဒီတော့ သူတို့ရဲ့ ဇတ်ညွန်းပြောင်းသွားပြီ ကျွန်တော်က ဒီတော်လှန်ရေးထဲမှာ စစ်တပ်ကထည့်ထားတဲ့ ထရိုဂျန်မြင်း ဆိုတဲ့ narrative ကိုစပြီးလုပ်လာတယ်။ ကျွန်တော်က သမ္မတဟောင်းသိန်းစိန် ၊ CB ဘဏ်ဥက္ကဌခင်မောင်အေးတို့နှင့် ကမ္ဘာအေးဗီလာမှာ တွေ့ခဲ့ကြဖူးတယ်ဆိုပြီးဖွလာကြတယ်။ ဆိုလိုချင်တာက ကျွန်တော်က သိန်းစိန်တို့ ၊ ခင်မောင်အေးတို့နဲ့တကျိတ်တည်း ၊ တဉာဏ်တည်းပေါ့။ တော်လှန်ရေးထဲအယောင်ဆောင်နေတဲ့ ထရိုဂျန်မြင်းအဖြစ် ပုံဖော်လာတာဖြစ်တယ်။ တကယ်က အဲ့ဒီ narrative က လူရယ်စရာကြီး ၊ ဟာသဖြစ်တယ်။ ကျွန်တော့်လောက် အကြမ်းဖက်စစ်တပ်ကိုရွံရှာမုန်းတီးတာမရှိဘူး။ စစ်တပ်ကိုမုန်းကြပါတယ်၊ ဒါပေမယ့် ကျွန်တော်ကိုမှီအောင် စစ်အကြမ်းဖက်မုန်းတီးရွံရှာဖို့ဆိုတာ မလွယ်ဘူးလို့ထင်တယ်။" လို့ ဆိုပါတယ်။ 

ကျွန်တော်ကိုမှီအောင် စစ်အကြမ်းဖက်မုန်းတီးရွံရှာဖို့ဆိုတာ မလွယ်ဘူးလို့ ဆိုတဲ့ မျိုးရန်နောင်သိန်း ဟာ ဒီတော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် မပါဝင်ဘဲ ဘာကြောင့် တတိယနိုင်ငံကို ရှေ့ဆုံးကပြေးတာလဲ။ ဒါက မေးသင့်တဲ့ မေးခွန်းပါ။ မျိုးရန်နောင်သိန်း ဟာ နိုင်ငံရေးအပါးဝတယ်လို့ ဆိုရပါမယ်။ နီပိန်း လူထုဟာ လှုံ့ဆော်ရလွယ်တယ်။ ခိုင်းစေလို့ကောင်းတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်သူတစ်ယောက်အနေနဲ့ ပါဝင်လာခဲ့ပြီး တတိယနိုင်ငံကို ရောက်ဖို့ ထွက်ပေါက်ရှာခဲ့သူ ဖြစ်ပါတယ်။ 

နောက်တစ်ချက်က နိုင်ငံရေးလုပ်စားသူ မည်သူမဆို တပ်မတော်ကို မုန်းတီးပါတယ်ဆိုမှ လုပ်စားလို့ ရတာဖြစ်ပါတယ်။ မျိုးရန်နောင်သိန်း တို့ကြတော့ အမေရိကန်သံရုံးနဲ့ အဆက်အသွယ်ရှိထားပြီးသူတွေ ဖြစ်တာကြောင့်လည်း အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ပြီး ပြည်ပကို ထွက်ပြေးဖို့ရာ ပိုပြီး အခွင့်အလမ်းသာပါတယ်။ သူတို့တွေဟာ တပ်မတော်ကို မုန်းတီးကြောင်း အပြောသက်သက်ပါပဲ။ သူကိုယ်တိုင် ဆန္ဒပြပွဲထဲ ဝင်မပါသလို အကြမ်းဖက်လှုပ်ရှားမှုအတွက်လည်း ကိုယ်ထိလက်ရောက်ပါဝင်တာမျိုး မရှိပါဘူး။ သို့သော် ပြည်ပကို ထွက်ပြေးပြီး အလှူခံတဲ့ အလုပ်တွေ လုပ်ပါတယ်။ မြန်မာပြည်ထဲမှာ ရှိနေတဲ့ နီပိန်း အကြမ်းဖက်သမားလေးတွေကို ငွေကြေးအနည်းငယ် ထောက်ပံ့ပေးပြီး ဖောက်ခွဲရေးလုပ်ခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။ သူခိုင်းစေလိုက်တဲ့ ကောင်တွေကလည်း ဖောက်ခွဲရေးတစ်ခါလုပ်ပြီး အဖမ်းခံရတာပါပဲ။ မျိုးရန်နောင်သိန်း ခိုင်းလို့ လုပ်တယ်ဆိုတာကိုလည်း ထွက်ဆိုသွားပါတယ်။ မြို့ထဲမှာ မျိုးရန်နောင်သိန်း ရဲ့ လက်ပါးစေ နီပိန်း အကြမ်းဖက်သမားတွေ ဖမ်းဆီးရမိခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လေ့လာကြည့်ပါ။

သူအလှူခံထားတဲ့ ငွေနဲ့ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ပံ့ပေးပါတယ်ဆိုတဲ့ ပမာဏကို ချမပြပါဘူး။ သဘောကတော့ နီပိန်းတွေကို သေတွင်းထဲတွန်းပို့ပြီး စီးပွားရှာခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူဆိုတာ အဲဒီလို ပါးနပ်ရပါတယ်။ နီပိန်းတွေရဲ့ ဒေါသကို အထွဋ်အထိပ်ကို ရောက်အောင် လှုံ့ဆော်မယ်။ နောက်ပြီး အစီအစဉ်တကျ ခိုင်းစေမယ်။ တဖက်မှာ ဒီလိုလှုပ်ရှားဖို့အတွက်ဆိုပြီး Project ခေါင်းစဉ်တစ်ခု ဖန်တီးပြီး အလှူခံမယ်။ 

ဒီလို ဆူပူအကြမ်းဖက် မလုပ်မီက NLD ပါတီက နိုင်ငံရေးလုပ်စားသူတွေရဲ့ ကိုယ်ကျိုးရှာမှု ပုံစံက တစ်မျိုး ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ခေါင်းစဉ်တပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထံက ငွေခြူခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်းတော့ အကြမ်းဖက်လှုပ်ရှားမှု Project ခေါင်းစဉ်မျိုးစုံတပ်လို့ ရတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။ နီပိန်းတွေ၊ နီပိန်းမဟုတ်သူတွေ ဒုက္ခပင်လယ်ဝေနေလိမ့်မယ်။ မျိုးရန်နောင်သိန်း တို့လို လုပ်စားတတ်သူတွေကတော့ ဘယ်လိုအခင်းအကျင်း ဖြစ်ပါစေ ကိုယ့်ကို မထိရဘူး၊ ကိုယ့်မိသားစုကို အထိမခံဘူး။ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထွက်အောင် လုပ်တတ်ပါတယ်။

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ချိန်မှာ အဆိုးဆုံးလှုံ့ဆော်သူက မျိုးရန်နောင်သိန်းပေါ့။ ကျောင်းတက်တဲ့ ကလေးတွေ ခြေပြတ်လက်ပြတ်ဖြစ်ကုန်မယ်။ ကျောင်းထားတဲ့ မိဘတွေကိုလည်း ခြိမ်းခြောက်တယ်။ ၃၊၄၊၅၊၆ ဆိုရင် NUG က နိုင်တော့မှာ အဲဒီကျမှ ကျောင်းတက်လို့ ပြောခဲ့တယ်။ သူကိုယ်တိုင်က အားနဲ့ မာန်နဲ့ အဲဒီလို လှုံ့ဆော်ပေမယ့် သူ့သမီးကိုတော့ အမေရိကန်ရောက်ကတည်းက ကျောင်းထားတယ်။ ပြည်တွင်းက တချို့ နီပိန်းတွေက သူတို့စကားတွေကို ယုံစားပြီး ကိုယ့်သား၊ ကိုယ့်သမီးကို ကျောင်းမထားကြဘူး။ တချို့ အကြမ်းဖက်အဖွဲ့ထဲတောင် ပါသွားကြသေးတယ်။ 

တွေးတတ်မယ်ဆိုရင်တော့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း တို့ဟာ လူပေါင်းများစွာ ကို အတိဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့သူတွေပဲ။ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေကိုလည်း အားမနာဘူး။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေအပေါ်မှာတော့ ဘာပြောကောင်းလိမ့်မလဲ။ နီပန်း ပဒက်တွေကို ငွေပေးပြီး လိုက်သတ်ခိုင်းခဲ့ကြတယ် မဟုတ်ပါလား။ နီပိန်း အကြမ်းဖက်သမားတွေဟာ အလွန် ဈေးပေါတယ်။ လူတစ်ယောက် သတ်ပြီး ၅သိန်းရမယ်ဆိုလည်း သတ်တယ်။ ဗုံးခွဲပေး ၂သိန်းရမယ်ဆိုလည်း ခွဲတယ်။ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေ အကြိုက်ပေါ့။ ကိုယ်ဖြစ်ကိုယ်ခံ သူတို့က ကျည်လွတ်မြေကနေ ငွေပေးပြီး ခိုင်းနေတာ။ တချို့ နီပိန်း ပဒက်လေးတွေဆိုရင် သနားဖို့ အလွန်ကောင်းတယ်။ ဖောက်ခွဲရေးလုပ်ဖို့ ခန္ဓာကိုယ်မှာ ဗုံးသယ်လာရင်း ပေါက်ကွဲပြီး သေရတာမျိုး ပန်းဆိုးတန်းမှာ ဖြစ်ခဲ့တယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်မှုမျိုး ဖြစ်ခဲ့တာပေါ့။ ထိုနည်းတူစွာ ရန်ကုန်မြို့၊ ဘုရင့်နောင်ဈေးမှာလည်း ကားဗုံးတပ်ဆင်ရင်း ပေါက်ကွဲလို့ သေတာ ရုပ်အလောင်းမှာ ဘယ်သူဘယ်ဝါဆိုတာတောင် ပြန်စိစစ်လို့ မရဘူး။

အဲဒါတွေက ပြည်ပြေး ဝရမ်းပြေးတွေဆီက ၅သိန်း၊ ၂သိန်း ငွေယူပြီး အဖျက်အမှောင့် လုပ်ခဲ့တဲ့ နီပိန်းတွေ လက်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေပါပဲ။

မျိုးရန်နောင်သိန်း က သူ့ကို မုဒိန်းကောင်အဖြစ် ပြန်လည်ဖော်ထုတ်ပြောဆိုမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒီအကြမ်းဖက်လှုပ်ရှားမှုမှာ သူဟာ သြဇာရှိသူတစ်ယောက်အဖြစ် ပြန်လည် ပုံဖော်ရေးသားပြနေတယ်။ သူဟာ မှန်ကန်ဖြောင့်မတ်သူဆိုရင် အခုလို ကိုယ်ရည်သွေးပြီး ရေးသားပြဆိုနေဖို့ လိုမယ်မထင်ပါဘူး။ သူ့ကို မုဒိန်းကောင်၊ NLD က ကန်ထုတ်ထားတဲ့ ကောင်လို့ ပြောနေကြတဲ့သူတွေဟာ တော်လှန်ရေးကို အကြောင်းပြပြီး ငွေကြေးလိမ်လည်မှုတွေ လုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ သူသာ အလိမ်အညာကင်းရှင်းစွာနဲ့ ရပ်တည်ခဲ့မယ်ဆိုရင် သူ့ကို မုဒိန်းကောင်၊ NLD က ကန်ထုတ်ထားတဲ့ကောင်လို့ ပြန်လည်ဖော်ထုတ် ပြောဆိုမှုတွေ ရှိပါ့မလား။

ဒီရက်ပိုင်းအတွင်းမှာတော့ မြန်မာ - ထိုင်း နယ်စပ်က မြတ်အောင် ဆိုတဲ့ ကောင်က မျိုးရန်နောင်သိန်း နဲ့ ပတ်သက်လို့ မုဒိန်းကောင် ဆိုတာကို ပြန်လည်ပြောဆိုထားပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကဆိုရင် စင်ကာပူကနေ ထောက်ပို့လုပ်နေတဲ့ အိုင်းရင်း ဆိုသူ အမျိုးသမီး က မျိုးရန်နောင်သိန်း ငွေတွေ လိမ်သွားပုံကို ပြောဆိုခဲ့ဖူးပါတယ်။

မုဒိန်းကောင် မျိုးရန်နောင်သိန်း ရဲ့ ကိုယ်ရည်သွေးပြီး ဂျင်းထည့်ပုံက "ဒါပေမယ့် ကျွန်တော်ပြောပြမယ်။ အကြမ်းဖက်စစ်တပ်က ဘယ်လောက်ယုတ္တိမရှိတဲ့ သတင်းဖြစ်ဖြစ်လုပ်မှာပဲဖြစ်တယ် ။ လက်ရှိတော်လှန်ရေးအပေါ်မှာ သက်ရောက်မှုရှိတဲ့သူတွေကို ရသလောက်ဖြိုချတာဟာ သူတို့အလုပ်ဖြစ်နေလို့ဖြစ်တယ်။  သူတို့ရဲ့ လုပ်ကြဲဇတ်လမ်းတွေကိုဖတ်မိတဲ့သူ အယောက် ၁၀၀ မှာ ၁ ယောက်ကယုံသွားရင်တောင်သူတို့ကအောင်မြင်တယ်။ လက်တွေ့မှာက တစ်ချို့လူတွေက ဆင်ခြင်မှုပိုင်းအားနည်ကြတော့  “ လူအယောက်တစ်ရာမှာ အနည်းဆုံး ၅ ယောက်၊ ၁၀ ယောက်က ယုံသွားကြတယ်” ၊ အဲ့ဒီ ၅ ယောက်၊ ၁၀ ယောက်ထဲမှာ စကားပြောတတ်တဲ့ ၊ စကားကြွယ်တဲ့ ၊ အာချောင်တတ်တဲ့ ၁ ယောက်၊ ၂ ယောက်လောက်က နောက်ထပ် ၅ ယောက်၊ ၁၀ ယောက်လောက်ကို ချဲ့ကားပြီးထပ်ပြောမယ်။ အဲ့ဒီလိုမျိုးနဲ့ သတင်းမှားတွေက ပြန့်ကြတာဖြစ်တယ်။ 

အဲ့ဒါကို ကျွန်တော်တို့ဖက်က ဂရုမစိုက်ပါနဲ့ ထားလိုက်ပါဆိုပြီး လုပ်လို့မရဘူးဆိုတာသိရမယ်။ ကိုယ့်ဖက်ကလည်း နိုင်သလောက်ရှင်းမှဖြစ်မယ်။ ဒါမှသာ ကိုယ့်အဝန်းအဝိုင်းထဲကလူတွေ၊ အဝန်းအဝိုင်းနှင့် ပက်သက်နေတဲ့၊ နှီးနွယ်နေတဲ့သူတွေထဲမှာ ရှင်းရှင်းလင်းလင်းသိထားကြမှာ ။ စိတ်ရှင်းနေမှာဖြစ်တယ်။" လို့ ဆိုထားပြန်တယ်။

ဒါက ပြောင်မြောက်လွန်းတဲ့ ဂျင်းအကြီးစားပဲ။ တကယ်တန်းက ယုတ္တိမရှိတဲ့ သတင်းတွေကို ဖန်တီးတာက ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေပဲ နေ့စဉ်နေ့တိုင်း မရိုးရအောင် စိတ်ကူးယဉ်ဖန်တီးရေးသား နေကြတာ မဟုတ်ပါလား။ မျိုးရန်နောင်သိန်း ပြောခဲ့တဲ့ ၃၊၄၊၅၊၆ ဆိုရင် NUG က နိုင်တော့မှာ ဆိုတဲ့ ဂျင်းက အခု ၅နှစ်ပြည့်တော့မယ်။ ဘာတွေဖြစ်လာလဲ။ ပြည်ပြေးဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ နီပိန်း ပဒက်တွေရဲ့ သေစာရင်းကို မထုတ်ပြန်ပေးမယ့် နီပိန်းတွေ အသေဆိုးနဲ့သေပြီး အထိမ်းအမှတ် ကျောက်တိုင်တွေ၊ အုတ်ဂူတွေ လုပ်ထားတာ မနည်းတော့ဘူး။ NUG အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ နီပိန်း အကြမ်းဖက်သမား သေဆုံးစာရင်း (၄၀၀၀)ကျော်လောက်ပဲ ဖော်ပြပါတယ်။ ကျန်တာတွေကို စာရင်းဖျောက်ပစ်တယ်။ နီပိန်း ပဒက်တွေရဲ့ မိသားစုဝင်တွေမှာ PDF ထဲ ရောက်သွားတဲ့ ကိုယ့်သားသမီး အဆက်အသွယ်မရ၊ သေသလား/ ရှင်သလား မသိရဘူး။ နီပိန်း အများစုဟာ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ မှိုင်းဝနေတာ ဖြစ်တဲ့အတွက် တပ်မတော်ကို အမုန်းဓာတ်ခံက ရှိနေပြီးသား။ ဒီအပေါ်မှာ ပြည်ပြေး ဝရမ်းပြေးတွေက မနားတမ်း ဓာတ်ဆီလောင်းပေးနေရုံနဲ့ အကြမ်းဖက်လှုပ်ရှားမှုက အလုပ်ဖြစ်နေပြီး အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြပြီး အလှူခံကာ ကိုယ်ကျိုးရှာနေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါက မုဒိန်းကောင် မျိုးရန်နောင်သိန်း က သူ့ကို မုဒိန်းကောင်၊ NLD က ကန်ထုတ်ထားတဲ့ကောင် ဆိုတာကို ပြန်လည်ဖော်ထုတ် ပြောဆိုလာမှုတွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ကိုယ်ရည်သွေးပြီး ပြန်လည်ရေးသားထားတာကို တွေ့လို့ ထောက်ပြရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ တကယ်တော့ မျိုးရန်နောင်သိန်း တစ်ယောက်သာ သူယုတ်မာ မဟုတ်ပါဘူး။ နီပိန်းတွေကို သေတွင်းထဲ တွန်းပို့တဲ့သူ အားလုံးဟာ သူယုတ်မာတွေချည်းပါပဲ။ 

မုဒိန်းကောင် မျိုးရန်နောင်သိန်း အပါအဝင် မင်းကိုနိုင်၊ အောင်ကြည်ညွန့်၊ ဇော်ဝေစိုး အစရှိသော အကြမ်းဖက်လှုံ့ဆော်သူအားလုံးဟာ ကျည်လွတ်မြေကနေ နီပိန်းပဒက်တွေကို သေတွင်းထဲ တွန်းပို့နေကြသူတွေပဲ မဟုတ်ပါလား။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)