ပေါင်၊ သြဂုတ် ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အလက) ပုသိမ်ကွင်းကျောင်း၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိ ဒေါ်ဝင့်ရည်ဦး၊ အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံ မှရဲအုပ် နိုင်ထွန်း၊ အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စု သထုံမှ ရဲအုပ်နေဝင်းဌေး ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ် နိုင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ဝင့်ရည်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စု သထုံမှ ရဲအုပ်နေဝင်းဌေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ (အလက) ပုသိမ်ကွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုမက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အမှတ် (၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံ မှ ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပေါင်မြို့နယ်ဥပဒေရုံးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost





No comments:
Post a Comment