ဩဂုတ် - ၁၃ ( ဗုဒ္ဓဟူးနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပဋိပက္ခမှာ မော်စကိုကို ထောက်ခံအားပေးခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို ကျေးဇူးတင်ကြောင်းဖုန်ဆက်ပြောခဲ့တယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။
မနေ့က ၎င်းတို့နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုတွင် ပူတင်က ၂၀၂၄ သြဂုတ်လက ယူကရိန်းတပ်များ သိမ်းပိုက်ခဲ့တဲ့ ရုရှားပိုက်နက် ကာ့စ် ဒေသ လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တဲ့ ပြုံယမ်းအစိုးရရဲ့ အကူအညီအတွက် ကင်မ်အား ချီးကျူးကြောင်း ပြောခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များသည် နိုင်ငံများ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်အရ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် ကတိကဝတ်များကို ထပ်မံအတည်ပြုပြီး တိုက်ရိုက်အဆက်အသွယ်များကို ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြပါတယ်။
ယူကရိန်းရဲ့ ကျုးကျော်မှုကို တွန်းလှန်ရာတွင် ပြုံယမ်း၏ ပံ့ပိုးကူညီမှုနှင့် မြောက်ကိုရီးယား စစ်သားများ၏ ရဲစွမ်းသတ္တိ၊ သူရဲကောင်းဆန်မှုနှင့် ကိုယ်ကျိုးမဖက်မှုတို့ကို ပူတင်က အလွန်ကျေးဇူးတင်ကြောင်း ကရင်းမလင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ကာ့စ် ဒေသရှိ ပြုံယမ်းရဲ့ မစ်ရှင်က ၂၀၂၄ ခုနှစ် ဇွန်လတွင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံ သဘောတူ စာချုပ် နှစ်ဖက် ကာကွယ်ရေးဆိုင်ရာသဘောတူညီချက် အပိုဒ်များတွင် ပါဝင်မှု နဲ့ ဆက်စပ်နေပါတယ်။ ဆိုဗီယက်ခေတ်မှ စတင်ခဲ့သော ရုရှားနှင့် မြောက်ကိုရီးယားကြား နီးကပ်သောဆက်ဆံရေးသည် ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ တွန်းအားအသစ်တစ်ခုအဖြစ် ရရှိထားပြီး၊ အထူးသဖြင့် နေတိုးချဲ့ထွင်မှုတွင် မော်စကို၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ကြိုးပမ်းမှုကို ပြုံးယမ်းက အခိုင်အမာထောက်ခံကြောင်း ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment