ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနား တက်ရောက်


ရန်ကုန်၊ ဩဂုတ် ၁၃

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီး၊ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဆီမီးထွန်းညှိပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ဒုတိယသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းပေးအပ်ကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က ညစာဖြင့် တည်ခင်းဧည့်ခံကြသည်။

အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များ၊ အိန္ဒိယနွယ်ဖွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)