တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်မြောက်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်မြောက်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်







တောင်ငူ၊ သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်ကေတုမတီဗုဒ္ဓဝင်ပူဇော်ပွဲ၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုစာ မေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့၌ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က သာသနဝိဟာရီသုံးထပ်ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး စာရိတ္တဓမ္မ ကျောင်းသား၊ ကျောင်းသူများက “ကျေးဇူးတင်ပါတယ်” သီချင်းကိုသံပြိုင်သီဆိုကြသည်။ ထို့နောက်ရွှေဆံတော်မရမ်းကျောင်းတိုက်ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ အရှင်တေဇောသာရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သြဝါဒစကားနာကြားကြသည်။ ယင်းနောက် ရွှေဆံတော်မရမ်းကျောင်းတိုက်ဆရာတော် အရှင်တေဇောသာရနှင့် သံဃာတော်အရှင်မြတ်များ၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးယဉ်ဌေး၊ တောင်ငူခရိုင်သာသနာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးခင်မောင်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးကျော်ဝင်း၊ ဆရာ၊ ဆရာမများနှင့်တာဝန်ရှိသူများက ပဉ္စမအကြိမ်မြောက် ကေတုမတီဗုဒ္ဓဝင်ပူဇော်ပွဲ၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုစာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့၌ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် စာရိတ္တဓမ္မကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးခန့်က “ကျေးဇူးဆပ်ပါ့မယ်”တေးသီချင်းကိုသံပြိုင်သီဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


ဇော်ကိုကို(တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)