ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားများ ကျင်းပ




အင်းစိန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင်လည်းကောင်း ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်နှင့်ဆီများပေးအပ်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)