ရန်ကုန်၊ သြဂုတ် ၆
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေ ကျပ်သိန်းတစ်ထောင်ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ စိတ္တဝိဝေကတောရကျောင်းတိုက်၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲသို့ စိတ္တဝိဝေကတောရကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကရင်ပြည်နယ်မှ တာဝန်ရှိသူများ၊ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ကြသည်။
ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေကျပ် သိန်းတစ်ထောင်ကို စိတ္တဝိဝေကတောရကျောင်းဆရာတော်နှင့် တာဝန်ရှိသူများထံ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်းဦးဆောင်သည့်အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment