ကြံခင်း၊ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုး တိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေး ကွင်းပြင်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း (သဲဖြူ) ကျောင်းအုပ်ဆရာကြီး ဦးရဲကြူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ များစွာရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှု တတ်သော အလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်း များ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီးနောက် “စာဖတ်ခြင်း၏ အကျိုးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် Grade-4ကျောင်းသား၊ ကျောင်းသူများအား လူအများ ရှေ့တွင်ပြောဆိုတတ်သည့် အလေ့အထဖြစ်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး KG ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွှတ်ဆိုစေခြင်း တို့ကိုပြုလုပ်ပေးခဲ့ပြီး အမှတ်တရ လက်ဆောင် ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်စေရန် စုပေါင်းကဗျာသီဆိုကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment