ရန်ကုန် ၊ သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကမာရွတ်မြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့
https://t.me/MyanmarNationalPost
ကျယ်မတို့ဆို စပေးတဲ့ လထဲက မရပါဘူး ရပ်ကွက်ရုံးသွားပြောတာလဲ ဖောင်တင်ခဲ့ဆိုပြီး ခုထိအကြောင်းမပြန်ပါဘူး
ReplyDeleteသာကေတမြို့နယ် ပါ။
ဟိုဘက်လမ်းက စစ်ရှောင်တွေက ရကြတယ် ကျယ်မတို့နဲ့ တမြို့ထဲတွေပဲ