လေရှီးမြို့၌ ယာယီသစ်သားတံတား ဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေရှီးမြို့၌ ယာယီသစ်သားတံတား ဆောက်လုပ်




လေရှီး  ၊ ဩဂုတ် ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ လေရှီး-ဆွမ္မရာလမ်းပိုင်း ၄၂မိုင် ၃ဖာလုံနှင့် ၄ဖာလုံအကြား၊ မဂါးပွားချောင်းတွင် ချောင်းရေတိုက်စားမှုကြောင့် ၁၈ပေ၊ ၂၄ပေရှိ Box Culvert ပြိုကျပျက်စီးသွားခဲ့ပြီး အဆိုပါပြိုကျပျက်စီးနေမှုအား နာဂဒေသစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဝင်းနိုင်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ သွားရောက်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မြို့နယ်လမ်းဦးစီးဌာနမှ နေ့လယ်စာများ ကျွေးမွေးဧည့်ခံခဲ့ပြီး ညနေ(၁၆:၃၀)အချိန်ခန့်တွင် ပြိုကျပျက်စီးနေသည့်လမ်းအပိုင်းကို ပြုပြင်ဆောင်ရွက်နိုင်ခဲ့ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယာယီသစ်သားတံတားဆောက်လုပ်ရာတွင် စုစုပေါင်းအင်အား (၆၂)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


လေရှီး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)