ကြံခင်းမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (မြို့နယ်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (မြို့နယ်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ









ကြံခင်း၊ ဩဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(မြို့နယ်အဆင့်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်၊ မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က တိုင်းရင်းသား တို့၏ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု အနုပညာများကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင် ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ မြင့်မားတိုးတက်စေလာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန် အတွက် နိုင်ငံတော်၏အကြီးအကဲများက ယခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း၊  ပြိုင်ပွဲဝင်များအနေဖြင့် မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ တိုင်းဒေသကြီး အဆင့်အထိ တက်လျှမ်းပြီး မိမိမြို့နယ်အတွက် ဂုဏ်ဆောင်နိုင်အောင်ကြိုးစား ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဌေးဌေးနှင့် မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးမြဖုန်းက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပပေးခဲ့ရာ မဟာဂီတ(၁၀-၁၅) အမျိုးသား၊ ခေတ်ဟောင်းကာလပေါ်/တေး(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး၊ အခြေခံအက(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ်/တေး (၁၅-၂၀) အမျိုးသမီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၄ ဦးက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား မေတ္တာသစ်သီးပန်းခြင်း ပေးအပ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များက ပထမဆု၊ ဒုတိယဆု၊ တတိယဆု ဆုရရှိများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြကာ၊ ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုငွေများပေးအပ်ပြီး နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)