ပုဇွန်တောင်မြို့နယ်အတွင်းရှိ လိုင်စင်ရှိဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အတွင်းရှိ လိုင်စင်ရှိဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေးဆောင်ရွက်




ပုဇွန်တောင်  ၊ ဩဂုတ် ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ လိုင်စင်ရှိဆိုင်/လုပ်ငန်းများမှ  ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်း ရောင်းချမှုမရှိရေးကို ယမန်နေ့နံနက်ပိုင်းက အနော်ရထာလမ်းမတစ်လျှောက်ရှိ ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကာ ကော်မတီပိုင် လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်း ရောင်းချမှု မရှိစေရေး ဆောင်ရွက်ပေးခဲ့သည်။


ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေရေးတို့အတွက် ဆောင်ရွက်သည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ  နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)