ပေါင်၊ ဩဂုတ် ၃၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်ဒေသထွက်နာနတ်သီးများဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များအဆင်ပြေလျက်ရှိသည်။နာနတ်သီးများကို အလုံးအကြီး၊အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၂၅၀၀)ကျပ်၊အလုံးငယ်တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။
နာနတ်သီးစိုက်ပျိုးရာတွင် မြေနေရာသီးသန့်စိုက်ပျိုးရန် မလိုဘဲ ရောဘာ၊နဂါးမောက်သီး ၊ဒူးရင်း၊မင်းဂွတ်၊ကျွဲကော စသည့်အပင်ကြီးများအောက်ခြေ၌ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ တစ်ချို့သောခြံပိုင်ရှင်များက ခြံစည်းရိုးမခတ်ဘဲနာနတ်သီးပင်ကို ခြံစည်းရိုးအဖြစ်စိုက်ပျိုးကြသည်။
နာနတ်သီးသည် အရသာရှိရုံသာမက အာဟာရနှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများစွာ ပိုင်ဆိုင်သည့် အပူပိုင်းဒေသထွက် အသီးဖြစ်ပါသည် နာနတ်သီးသည် အာဟာရပြည့်၍ ရောဂါကာကွယ်နိုင်စွမ်းမြင့်မားသော အသီးဖြစ်သည်။ ၎င်း၏ အင်ဇိုင်းနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက နေ့စဉ်ကျန်းမာရေးပြဿနာများစွာကို ကုသနိုင်သော်လည်း ဆေးဝါးသုံးစွဲနေသူနှင့် ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့် စားသုံးသင့်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment