လမ်းနယ်နှင့်မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းနယ်နှင့်မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၃၁

ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်-ပုသိမ်လမ်းမကြီးတစ်လျှောက် ၂၃၀ ကေဗွီ ကနောင်ပင်မ ဓာတ်အားခွဲရုံရှေ့ရှိ ၃၃ ကေဗွီ ဖီဒါနှင့် ၁၁ ကေဗွီ ဖီဒါတို့၏ ဓာတ်အားလိုင်းများပြောင်းရွှေ့ရန် တိုင်များ စိုက်ထူပြီးစီးမှုနှင့် ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဓာတ်အားခွဲရုံ အမှတ်(၂)ရှေ့ ၃၃ကေဗွီ ဖီဒါနှင့် ၁၁ ကေဗွီဖီဒါတို့၏ ဓာတ်အားလိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုကိုလည်းကောင်း၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းတစ်လျှောက်ရှိ ၁၁ ကေဗွီဇုန်(၄)သီးခြားဖီဒါ ပြောင်းရွှေ့တည်ဆောက်ရန်အတွက် ဓာတ်အားလိုင်းအသစ်တည်ဆောက်ရန် တိုင်များစိုက်ထူပြီးစီးမှုနှင့် ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းနှင့် မြဝတီမင်းကြီးလမ်း၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရန်ကုန်-ပုသိမ်လမ်းတို့မှ ရွှေကမ်းသာယာ အိမ်ရာရှေ့ ၃၃ ကေဗွီ နှစ်ထပ်ဓာတ်အား လိုင်းဟောင်းဖြုတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

ထို့နောက် ၅၀၀ ကေဗွီလှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းနှင့်ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားပြီးစီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှု၊ ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ခွဲရုံအဝင်လမ်းဖောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ မျိုးဆက်သစ်အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်း တက္ကသိုလ်)ဓာတ်အားခွဲရုံ စီမံကိန်းသည် ယခုအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)