SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ သမ္မတ ရှီကျင့်ဖိန်နှင့်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ သမ္မတ ရှီကျင့်ဖိန်နှင့်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေး


ထျန်းကျင်း၊ ဩဂုတ် ၃၁

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးဆောင်ဆောင်ရွက်မှု အဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ထျန်းကျင်းမြို့ ဧည့်ဂေဟာတွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကာလမရှေးမနှောင်းတွင် နိုင်ငံတကာ လူအဖွဲ့အစည်းက ပြုလုပ်ခဲ့သော အရေးအကြီးဆုံး ဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂကို တည်ထောင်ခြင်းပင် ဖြစ်ကြောင်း၊ ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့်နှစ် ဖြစ်ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ခက်ခဲသော ပုစ္ဆာများကို ဖြေရှင်းရန် မှန်ကန်သော အဖြေဖြစ်သည်ကို မိမိတို့အား သမိုင်းကြောင်းက လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ကုလသမဂ္ဂ တည်ထောင်ခြင်း မူလရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ရမည်ဖြစ်သလို ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်များနှင့် အခြေခံမူများ၏ ကတိကဝတ်များကို ထပ်လောင်းပြောကြားပြီး နိုင်ငံအသီးသီးညှိနှိုင်းဆောင်ရွက်နိုင်သော၊ စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းနိုင်သော အဓိက ပလက်ဖောင်းတစ်ခုဖြစ်လာစေရန် အခြေအနေအသစ်အောက်တွင် ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့်ရှင်သန်စွမ်းအားများကို ပြန်လည်ရှင်သန်စေရန်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် သမိုင်း၏မှန်ကန်သည့်ဘက်မှ အစဉ်အမြဲ ခိုင်မာစွာ ရပ်တည်ကာ စစ်မှန်သောနိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ကုလသမဂ္ဂက နိုင်ငံတကာရေးရာများတွင် ပင်မအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းရန်၊ သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် တာဝန်ကို အတူတကွထမ်းဆောင်သွားလိုကြောင်း ထောက်ပြခဲ့သည်။

ကမ္ဘာ့ရာစုနှစ် အခင်းအကျင်းပြောင်းလဲမှုကြီးတွင် တရုတ်နိုင်ငံက တည်ငြိမ်မှုနှင့် သေချာမှုကို ပေးအပ်ခဲ့ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအသစ်များဖြင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းအသစ်များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် သုံးရပ်အကောင်အထည်ဖော်ခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း တို့မှတစ်ဆင့် နိုင်ငံအသီးသီးနှင့်အတူ ပိုမိုသာယာလှပသောအနာဂတ်ကို ဖန်တီးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။

ဂူတာရက်စ်က ကုလသမဂ္ဂအား ကြာရှည်စွာ၊ ခိုင်မာအားကောင်းစွာ ထောက်ခံအားပေးမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ၏ဩဇာအာဏာများသည်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံကာ စီမံခန့်ခွဲရေးမူဘောင်ကို အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၈၀ မတိုင်မီ ကုလသမဂ္ဂ တည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်နှင့် တန်ဖိုးဆိုင်ရာ အတွေးအခေါ်များကို ပြန်လည်သုံးသပ်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေ ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ ဥပဒေစိုးမိုးရေး သေချာစေရန်အတွက် အရေးပါသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ကာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်များနှင့် အခြေခံမူများ ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံ စံညွှန်းများကို ကာကွယ်ရန် ကမ္ဘာဗဟုအသွင်ပြောင်းလဲရေး တွန်းအားပေးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ကိုယ်စားပြုမှုကို မြှင့်တင်ရန်၊ ကုလသမဂ္ဂအား နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး၊ ဉာဏ်ရည်တု၊ ရာသီဥတုပြောင်းလဲမှု စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ချိုက်ချီ၊ ဝမ်ရိ နှင့် ချန်မင်အယ်တို့ တက်ရောက်ခဲ့ကြသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)