ဩဂုတ် - ၁၈ ( တနင်္လာနေ့ )
ဂါဇာမှာ ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံ ၅၀ ကျော်ကို ပြန်လည်လွတ်မြောက်နိုင်ဖို့အတွက် လက်ရှိလုပ်နေတဲ့ အစ္စရေး အစိုးရ ရဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ အစ္စရေး ပြည်သူ သိန်းနဲ့ချီပြီး နိုင်ငံတစ်ဝှန်း ဆန္ဒပြမှုတွေကို ၁၇-၈-၂၀၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒိဆန္ဒပြပွဲတွေကို ဓားစားခံမိသားစုတွေနဲ့ မိသားစုဝင်တွေ ပျောက်ဆုံးနေတဲ့ မိသားစုတွေ စုဖွဲ့ထားတဲ့ အောက်တိုဘာကောင်စီက ကမကထလုပ်ခဲ့တာပါ။ အောက်တိုဘာ ကောင်စီက တဲလ်အဗစ် မြို့ရှိ ဓားစာခံရင်ပြင်မှာ လူတစ်သန်းနီးပါးကို စုဝေးနိုင်ဖို့ နိုင်ငံတစ်ဝှမ်းရှိ မြို့များအား လှုပ်ရှားမှုများတွင် ပါဝင်ရန် တောင်းဆိုခဲ့ပါတယ်။
"အသက်ရဲ့ မြင့်မြတ်မှုနဲ့ အမြင့်မြတ်ဆုံးတန်ဖိုးကို အောက်မေ့ရန် ကျန်တဲ့အရာအားလုံးကို ရပ်တန့်ဖို့လိုအပ်ပါတယ်။ ကျမတို့ရဲ့ လက်ဝဲ ၊ လက်ယာ ဘေး၊ ဘယ်ညာမှာ ရှိတဲ့ အဖွဲ့အစည်း အားလုံး လက်တွဲဖို့လိုအပ်ပါတယ်” လို့ ဆိုသွားပါတယ်။
အကြီးမားဆုံးသော ဆန္ဒပြပွဲများကို ဂျေရုဆလင်နှင့် တဲလ်အဗစ်မြို့တို့တွင်တွေ့ရပြီး အဓိကလမ်းများကို ပိတ်ဆို့ပြီး လုပ်ကြလို့ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခဲ့ရပါတယ်။ လမ်းဆုံတွေမှာ အဝါရောင်ဖဲကြိုးတွေ နဲ့ ချည်နှောင်ထားကြပြီး အစိုးရ ဝန်ကြီးတွေရဲ့ အိမ်အပြင်ဘက်မှာ ဆန္ဒပြမှုတွေကို လုပ်ခဲ့ကြပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment