နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး


နေပြည်တော်၊ ဩဂုတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဩဂုတ် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ရောက်ရှိရာ ပါမောက္ခချုပ်က သင်တန်းများဖွင့်လှစ်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်သင့် အဆောက်အအုံများအား ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာသင်ခန်းများတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့အတူ နံနက်ပိုင်းကလည်း အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးကာ နိုင်ငံတော်က လူငယ်များ၏ဘဝရပ်တည်မှုခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာ တန်ဖိုးထားလေ့လာကြရန်နှင့် နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်ကြရန်မှာကြားကာ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ဒေသတွင်းပြည်သူတို့၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန်မှာကြားကာ ကျောင်းသား ကျောင်းသူများက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာ အတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ယခုလ ၁၁ ရက်မှ ၁၄ ရက်အတွင်း World Youth Skills Day 2025 အထိမ်းအမှတ် ကျင်းပခဲ့သည့် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် နည်းပညာစွမ်းရည်ပြိုင်ပွဲများသို့ သွားရောက်လေ့လာခဲ့မှုများ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အသုံးချနည်းပညာ သုတေသနများကို စနစ်တကျစုဖွဲ့ဆောင်ရွက်ရန်၊ နိုင်ငံတကာ နည်းပညာ ပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင်ဆုများရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်၊ သုတေသနရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါ ပြိုင်ပွဲတွင် ဆုရကျောင်းသားနှင့် ကျောင်းသား ကျောင်းသူများထံ ဂုဏ်ပြုဆုများချီးမြှင့်ပြီး သုတ၊ ရသ စာအုပ်များပေးအပ်ကာစားရိပ်သာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)