မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းစည်းဝေး


နေပြည်တော်၊ ဩဂုတ် ၁၇

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်း ထက်ကနိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံအသိ ပညာဗဟုသုတများရရှိစေရန်နှင့် လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက် သွယ်ရေးကျွမ်းကျင်မှု အရည် အချင်းများ မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အခမ်းအနား ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထူးချွန်သည့် လူငယ်ကိုယ်စားလှယ်များကို စနစ်တကျရွေးချယ် ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားဝတ်စုံ များဖြင့် လူမှုရေးရာဝန်ကြီးများကဦးဆောင်၍ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲအခမ်းအနားများသို့ တက်ရောက်ပါဝင်ဆွေးနွေး နိုင်ရေးအတွက် ပေါင်းစပ်ဆောင် ရွက်ပေးသွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် -၂၀၂၅ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်း အနားကျင်းပမည့် အစီအစဉ်များ၊ တည်းခိုနေထိုင်၊ စားသောက်၊ သွားလာမှုများ၊ လေ့လာရေးသွားရောက်မည့် ခရီးစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ကို ရှင်းလင်းတင်ပြဆွေးနွေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာ ဝန်ကြီးများက သိလိုသည်များကို မေးမြန်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြား၍ အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် လူငယ်ကွန်ရက်ကို ဖန်တီးဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ အခမ်းအနား အစီအစဉ် အစအဆုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Channel များတွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)