မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၇
ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ်နေရာ များတွင် ရောင်းချ ပေးခဲ့ကြသည်။
ထို့သို့ ရောင်းချ ပေးရာတွင် ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊မေဓာဝီ လမ်း ၊ (ည)ရပ်ကွက်၊ခေမာကျောင်းလမ်း ၊ (ရွှေပေါက်ကံ/၁၄)ရပ်ကွက်၊ရာဇဓိရာဇ်လမ်း ၊(က)ရပ်ကွက်နွယ်သာကီလမ်း ရပ်ကွက်များအလိုက်စည်ပင် သာယာရေးအဖွဲ့မှတာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေရောင်းချ ပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီး ကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment