ဒုတိယဝန်ကြီး ဦးအေးကျော် ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးကျော် ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၂၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၄-၈-၂၀၂၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာများ ထုတ်ယူရရှိ တပ်ဆင်လက်ကျန်အခြေအနေ၊ လျာထားဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ အခြေအနေ၊ မြေယာပိုင်ဆိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဗို့အားကောင်းမွန်စေရေးအတွက် လိုအပ်သောဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများတိုးချဲ့ တည်ဆောက်သွားနိုင်ရေးစီမံချက် ရေးဆွဲတင်ပြဆောင်ရွက်သွားကြရန်၊ ဓာတ်အားခများ အပြည့်အဝကောက်ခံရရှိရေးနှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး စီစဉ်ဆောင်ရွက်ရန်၊ မီတာများကို မီးသုံးသူအသစ်များက လျှောက်ထားလာရာတွင် လျှောက်လွှာမှတ်ပုံတင်ဖြင့် မှတ်ပုံတင်ကာ အမြန်ကွင်းဆင်းစစ်ဆေး ပြီး မူနှင့်ညီညွတ်မှုရှိပါက စနစ်တကျတပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်ပုံစံများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်အသုံးပြု မှတ်တမ်းတင်နိုင်ရေးဆောင်ရွက်ရန်မှာကြားပြီး ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဓာတ်အားသုံးစွဲသူလယ်ဂျာရေးသွင်းနေမှုနှင့် Computer Billing Center တွင် ဓာတ်အားခဖတ်ရှုကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ Control Room အတွင်း ပုသိမ်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)