အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၂၈၀) ကြိမ်မြောက် အာဆီယံ-ကိုင်ရို ကော်မတီအစည်းအဝေးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လက်ခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၂၈၀) ကြိမ်မြောက် အာဆီယံ-ကိုင်ရို ကော်မတီအစည်းအဝေးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လက်ခံကျင်းပ




ကိုင်ရို၊ သြဂုတ် ၁

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၃၁-၇-၂၀၂၅ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့၊ Palm Hill Resort ၌ (၂၈၀) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လက်ခံကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ကော်မတီလုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးခဲ့သည့် အာဆီယံ-ကိုင်ရို ကော်မတီ၏ ၂၀၂၅ လုပ်ငန်းအစီအစဉ်များအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး အီဂျစ်နိုင်ငံတွင် အာဆီယံ၏ အခန်းကဏ္ဍ နှင့် အာဆီယံအကြောင်းသိရှိမှု မြှင့်တင်နိုင်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ 

ထို့နောက် အာဆီယံ-ကိုင်ရိုကော်မတီ အဖွဲ့ဝင်နိုင်ငံများက အီဂျစ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသီးသီး မျှဝေခဲ့ကြသည်။ 

အစည်းအဝေးပြီးနောက် မြန်မာသံအမတ်ကြီးက အာဆီယံ-ကိုင်ရိုကော်မတီ သံအမတ်ကြီးများနှင့် တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)