ဗန်းမော်မြို့ကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည့် မင်းခေါင်စစ်ကြောင်းမှူးကြီးနှင့် တပ်မတော်သားများအား ဂုဏ်ပြုခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့ကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည့် မင်းခေါင်စစ်ကြောင်းမှူးကြီးနှင့် တပ်မတော်သားများအား ဂုဏ်ပြုခြင်း










ဗန်းမော်မြို့မှာ အကြမ်းဖက် KIA/PDF အဖွဲ့များ ကာလရှည်ကြာ အခြေပြုလှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ စဉ်ဆက်မပြတ် ရှင်းလင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ရပါတယ်။ အကြမ်းဖက်အဖွဲ့များ မြို့တွင်း ဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရပါတယ်။

ဗန်းမော်မြို့ဟာ အကြမ်းဖက် KIA/PDF အဖွဲ့များ ဝင်ရောက်လာပြီးနောက် စစ်တလင်းဖြစ်ခဲ့ရပါတယ်။ KIA/PDF အကြမ်းဖက်သမားများသည် ဗုဒ္ဓသာသနိကအဆောက်အဦများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခြင်း၊ ပြည်သူတို့၏ နေအိမ်များတွင် အခြေပြုခိုအောင်းနေထိုင်ခြင်းများကြောင့် ရှင်းလင်းဆောင်ရွက်မှုဟာ အချိန်ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဗန်းမော်မြို့မှာ အကြမ်းဖက် KIA/PDF များ ခိုအောင်းနေထိုင်ရာ နေရာများကို တပ်မတော် ဒရုန်းအဖွဲ့က ရှာဖွေရှင်းလင်းမှုတွေ လုပ်ခဲ့တဲ့ မှတ်တမ်းတွေကိုလည်း မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။

ဒီကနေ့ (၁၁-၈-၂၀၂၅) ရက်နေ့မှာတော့ မင်းခေါင်စစ်ကြောင်းမှူးကြီးနဲ့ တပ်မတော်သားများက ဗန်းမော်မှာ နိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူခဲ့ပါပြီ။

ဗန်းမော်မြို့လေဆိပ်၊ အမတ(၃၆၆)နဲ့ စရတ တပ်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မင်းခေါင်စစ်ကြောင်းမှ သူရဲကောင်းစစ်သည်တော်များအား အားဖြည့်စာများထောက်ပံ့ပေးနေတဲ့ ဗန်းမော်မြေက မင်းခေါင်စစ်ကြောင်းမှူးကြီး ရဲ့ ဝမ်းမြောက် ပီတိအပြုံးတွေကို မြင်တွေ့လာရပါတယ်။

နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို အကြမ်းဖက်ရှင်းလင်းရေးကို ဖိဖိစီးစီးလုပ်ဆောင်လာတဲ့အတွက် အောင်မြင်မှု အသီးအပွင့်တွေ မြင်တွေ့လာရပါပြီ။

တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ့တပ်မတော်ကြီး တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဖြစ်ရမည်။ မင်းခေါင်းစစ်ကြောင်းမှူးကြီးနှင့် တပ်မတော်သားများ အားလုံးကို ဦးညွှတ် ဂုဏ်ပြုပါသည်။ တပ်မတော်ရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲ ဖြစ်ပါတယ်။ တပ်မတော်က အကြမ်းဖက်အဖွဲ့များကို ခေါင်းမဖော်နိုင်အောင် ရှင်းလင်းဆောင်ရွက်ပေးမှသာ ဒေသခံပြည်သူများလည်း အေးချမ်းပျော်ရွှင်စွာ ပြန်လည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)