တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောနှောကြဲပက်နေမှုကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောနှောကြဲပက်နေမှုကို ကြည့်ရှုအားပေး

 







ထားဝယ်၊ ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန၊ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် ထားဝယ်မြို့နယ်၊အမှတ်(၄) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်၊ အချိုးကျရောနှောကြဲပက်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊  နှင့်တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ တောင်သူများ အား သဘာဝမြေသြဇာ အိတ်  ၁၀၀ ကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က  မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်နှင့်အကျိုး ဆောင်တောင်သူများက မိုးစပါးစိုက်ခင်းအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်၊ အချိုးကျရောနှောကြဲပက်နေမှု၊ ဟင်းရွက်စိုက်ခင်း၊ တိရစ္ဆာန်အစာပင် နေပီယာပတ်ချောင်းမြက်စိုက်ခင်းနှင့်သီးနှံပင်များအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူမျာအား မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၄)အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး  အထက်တန်းကျောင်းမှ သရုပ်ပြမွေးမြူထားရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ စက်မှု၊ စိုက်ပျိုး၊ ရေမွေးမြူရေးအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို  ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကြက်ဥများပေးအပ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)