ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း ပယင်းအကြမ်းထည်နှင့် အချောထည်များ ရောင်းချနေမှုနှင့် ငွေပျော်စံပြကျေးရွာအတွင်း အသားတိုးကြက်မွေးမြူရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း ပယင်းအကြမ်းထည်နှင့် အချောထည်များ ရောင်းချနေမှုနှင့် ငွေပျော်စံပြကျေးရွာအတွင်း အသားတိုးကြက်မွေးမြူရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး









မြစ်ကြီးနား၊ သြဂုတ် ၈

ကချင်ပြည်နယ်အတွင်း၌ ထွက်ရှိသည့် အဖိုးတန်တွင်းထွက် လက်ဝတ်ရတနာ တစ်မျိုးဖြစ်သည့် ပယင်းကို မြစ်ကြီးနားမြို့စက်မှုဇုန်ရပ်ကွက်အတွင်း ရှိ ကျောက်မျက်ရတနာဈေးအတွင်း ရောင်းချလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပယင်းဈေးကွက် ခိုင်မာစေရေးအတွက် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် ပြည် နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား ကျောက်မျက်ဈေးအတွင်း အဆောင် (B)၌ ပယင်းအကြမ်းထည်များကို ရောင်းချနေသည့် ကုန်သည်များနှင့် လာရောက်ဝယ်ယူသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြည့်ရှုခဲ့ကြပြီး ပယင်းအကြမ်းထည်များ အဖိုးတန် လက်ဝတ်ရတနာအချောထည်များအဖြစ် ပုံသွင်းသွေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အ‌ဆောင်(A)အတွင်း ပယင်းနှင့် ကျောက် မျက်ရတနာရောင်းဝယ်ရေးစင်တာ၌ ပယင်းအ ချောထည် လက်ဝတ်ရတနာများနှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်များ ဆိုင်ခန်းငယ်များဖွင့်လှစ်၍ ရောင်းချနေမှုကို လှည့် လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပယင်းအကြမ်းထည်ဈေးကွက်၊အချောထည်ဈေးကွက်ရရှိမှု အခြေအနေ များနှင့် အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများ၊ ဖြန့်ဖြူးရောင်းချပေးနိုင်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းဆွေးနွေးခဲ့ကြကာ ပယင်းလက်ဝတ်ရတနာများကို ဝယ်ယူအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြ  ကျေး ရွာအနီးရှိ ပိုင်ရှင် ဦးဟိန်းထက်ဇော်၏ ကြက်မွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်သည့်နေရာသို့ သွားရောက်ပြီး ကြက်ခြံ (၂)ခြံအတွင်းကြက်ကောင်ရေ (၆၅၀၀) မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလဖြစ်သည့် အ တွက် တိရစ္ဆာန်ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများပေးနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင် ရေး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မွန်းလွဲပိုင်းတွင် မော်ဖောင်းကျေးရွာ အုပ်စု၊ ငအိုးကျေးရွာသို့ သွားရောက်ပြီး အဆိုပါ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုး မတည်ပေးမှုဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးဆင်ဝါးနော်ခြံဝင်း အတွင်းရှိ ကြက်ခြံ(၃)ခြံအတွင်း အသားတိုးကြက်ကောင်ရေ (၆၅၀၀)ကောင် မွေးမြူထားရှိမှု အခြေအနေများနှင့် ဝက်ခြံအတွင်း အသားတိုးဝက်ကောင်ရေ (၄၀)ကျော် မွေးမြူဖြစ်ထွန်းနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ လုံဂါပါစားသောက်ဆိုင်၌ ၂၀၂၄ ခုနှစ်တွင်ဇန်နဝါရီ (၄)ရက်နေ့ နိုင်ငံတော်အစိုးရမှ ချီးမြှင့် ဂုဏ်ပြုခဲ့သည့် လူမှုထူးချွန်ဆု(ပထမအဆင့်)ချီးမြှင့် ခံခဲ့ရသည့် ကချင်ပြည်နယ်မှဒူဝါဒေါက်တာဘွမ်ယွန်အား ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီး မြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒူဝါဒေါက်တာဘွမ်ယွန်၏ ပြည်နယ်အကျိုးအတွက် လုပ်ဆောင်ခဲ့မှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမ အဆင့်)နှင့် စီးပွားရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)တို့ကို ချီးမြှင့်ခဲ့ရသည့်အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် နိုင်ငံတော်က လူမှုရေးဆိုင် ရာထူးချွန်ဆု (ပထမအဆင့်)ကို ရရှိခဲ့သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ရသည့်အပြင် ယခုထက်ပိုပြီး တိုင်းပြည်နှင့် ပြည်နယ်အကျိုးကို ပိုမိုထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က လူမှု ရေးဆိုင်ရာထူးချွန်ဆု(ပထမအဆင့်)ရရှိခဲ့သည့် အတွက် ဒူဝါဒေါက်တာဘွမ်ယွန်ထံကချင်တိုင်းရင်း သား ရိုးရာကုတ်အင်္ကျီ၊ လွယ်အိတ်၊ ဓားလွယ် နှင့် ခေါင်းပေါင်းတို့ကို ချီးမြှင့်ပေးအပ်ပြီး ဒူဝါဒေါက်တာဘွမ်ယွန် ဦးဆောင်သည့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ထပ်မံပေးအပ်ခဲ့ကာ ဂုဏ် ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)