ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




ပင်လောင်း  ၊ ဩဂုတ် ၁၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့‌ကြသည်။


ထို့နောက် ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းရာ ပထမပွဲစဉ်တွင် အ.ထ.က ပင်ခွန်‌ဘောလုံးအသင်းက အ.ထ.က(ခွဲ)ဆောင်ဆီးဘောလုံးအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဒုတိပွဲစဉ်တွင် အ.ထ.က(ခွဲ) ဝါးလီဘောလုံးအသင်းက အ.ထ.က(၂)ဘောလုံးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြကြောင်း၊ ယင်းနောက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က  မိုးလုံလေလုံအားကစားရုံ၌ အေရိုးဗစ်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲဝင်အသင်း (၁၆)သင်း၊ အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲဝင်အသင်း (၂၁)သင်း၊ အခြေခံပညာကျောင်းများမှ အမျိုးသမီးဘောလုံးအသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အခြားပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ အေရိုးဗစ် (၁၃) သင်း၊ Fitness Dance (၂၃) သင်း၊ ဘော်လီဘော ၄ သင်း၊ ကြက်တောင် ၁၅ ဦး ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)