လန်ကျိုး၊ ဩဂုတ် ၁၁
ပြင်းထန်သော တောင်ကျရေကြီးမှု သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၃ ဦး ပျောက်ဆုံးသူ ၃၀ ဦးရှိခဲ့ပြီး နောက် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Yuzhong ခရိုင်ရှိ ပျက်စီးသွားသောလမ်းများကို သြဂုတ် ၁၀ ရက်တွင် ပြန်ဖွင့်နိုင်ပြီ ဖြစ်သည်။
Yuzhong ခရိုင်ကို စီမံကွပ်ကဲရသည့် ပြည်နယ်မြို့တော် လန်ကျိုးရှိ သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများ အဆို အရ အများဆုံးထိခိုက်ပျက်စီးခဲ့သည့်ဒေသရှိ လမ်းများကို သြဂုတ် ၁၀ ရက်တွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင်မှုအတွက် ကယ်ဆယ်ရေးသမား ၇၀၀ ကျော်နှင့် ယာဉ်နှင့် စက်ယန္တရားပေါင်း ၂၀၀ ကျော် အသုံးပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်လျှပ်စစ်ဓာတ်အားပေးဝေရေးဖြစ်သည့် ကန်းစုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ အဆိုအရ သြဂုတ် ၉ ရက် ညတွင် သဘာဝဘေးဒဏ်ခံရသည့်ဒေသတွင် နေထိုင်သူများအား လျှပ်စစ်မီးပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဒေသအတွင်း လျှပ်စစ်မီးပြန်လည်ရရှိမှုသေချာစေရန် ပြင်ဆင်ရေးဝန်ထမ်းပေါင်း ၃၃၀ ဦးနှင့်အတူ စုစု ပေါင်း ကယ်ဆယ်ရေးယာဉ် ၇၃ စီး၊ မီးစက် ၄၂ လုံးနှင့် ဓာတ်အားပေးယာဉ် ၃ စီး အသုံးပြုလုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။
အားကောင်းသောတောင်ကျရေကြီးမှု ဖြစ်ပွားစေသည့် မိုးသည်းထန်မှုများကြောင့် သြဂုတ် ၈ ရက် ညနေက ယွီကျုံးနှင့် လန်ကျိုး ဒေသများကို ထိခိုက်စေခဲ့ပြီး သြဂုတ် ၉ ရက် နေ့လယ်တွင် မိုးရေချိန် ၂၂၀.၂ မီလီမီတာ အထိရောက်ရှိခဲ့ကြောင်းသိရသည်။
ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost


No comments:
Post a Comment