စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ




ညောင်တုန်း  ၊ ဩဂုတ် ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား, ကျောင်းသူများအား ဂုဏ်ယူဝမ်းမြောက်ပါ‌ကြောင်းနှင့်ပညာရေးသည် နိုင်ငံနှင့်လူမျိုး၏အသက်ဝိဉာဉ် ဖွံ့ဖြိုးမှု အခြေခံအုတ်မြစ် ဖြစ်၍ ပညာဆက်လက်သင်ယူဆည်းပူးကြရန်လိုကြောင်း ချီးကျူးဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခဲ့ပြီး စက္ကော့တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး စော‌အောင်ကြည်ထွန်းက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ယူဝမ်းမြောက်မိပါ‌ကြောင်းနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမ(၁၁)ဦးတို့အား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)