ဩဂုတ် - ၁၁ ( တနင်္လာနေ့ )
လင်းတတွေက မျိုးပွားရာသီရောက်တဲ့အချိန်မှာ တစ်နှစ်ကို ဥတစ်လုံးပဲ ဥတာမို့လို့ တောင်အာဖရိကမှာ တဖြည်းဖြည်းနဲ့ လင်းတကောင်ရေ နည်းလာတဲ့အတွက်ကြောင့် လင်းတတွေကို မျိုးဖောက်ပြီး အကောင်ရေ ပွားအောင် လုပ်နေကြရတယ်လို့ သိရပါတယ်။
ဒီနှစ်ရာသီမှာတော့ ရှန်ဝါရီဒေသက လင်းတ ထိန်းသိမ်းရေး စခန်းတစ်ခုက အကောင်ပေါက် ၂၀ ကို ဥဖောက်ပြီး မျိုးပွားနိုင်ခဲ့ပါတယ်။ တောင်အာဖရိက၏ အစောဆုံး လင်းတထိန်းသိမ်းရေးအဖွဲ့အစည်း VulPro သည် ၎င်းတို့ရဲ့မူလအခြေစိုက်စခန်းမှ ကီလိုမီတာ ၁၀၀၀ ဝေးတဲ့နေရာမှာ ငှက် ၁၆၀ ကို မွေးမြူထားပြီး ထိန်းသိမ်းစောင့်ရှောက် ထားပါတယ်။ လက်ရှိ အကောင်ပေါက် ၂၀ က ပထမဆုံး ဖောက်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
VulPro ရဲ့ ပြောခွင့်ရသူ က အကောင်ရေနည်းလာတော့ မျိုးပွားမှုက လုံးဝရပ်တန့်သွားနိုင်ကြောင်း သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုအမျိုးမျိုးကို တပြိုင်နက်တည်း တားဆီးကာကွယ်ဖို့ အဓိကအာရုံစိုက်ရမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။
မွေးမြူရေးခြံမှာ ဥဖောက်တဲ့ ကာလက ဇူလိုင် ၁ ရက်မှ သြဂုတ် လလယ်အထိဖြစ်ပြီး လာမယ့် ရက်သတ္တပတ်များအတွင်း အကောင်ပေါက်များ ထပ်မံရစရာရှိနေသေးတယ် လို့ ထိန်းသိမ်းရေးပညာရှင်များက မျှော်လင့်နေပါတယ်။ VulPro ရဲ့ မွေးမြူရေးအစီအစဉ်က သဘာဝအတိုင်း လွှတ်မရနိုင်သော လင်းတများကိုသာ အသုံးပြုထားပါတယ်။ အဲ့ဒိထဲက ငှက်အများစုက လျှပ်စစ်ကြိုးတွေနဲ့ငြိပြီး ဒဏ်ရာရနေတဲ့ အကောင်တွေဖြစ်ပေမဲ့ မျိုးပွားနိုင်စွမ်း ရှိနေဆဲဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ VulPro သည် ထိတ်လန့်စရာကောင်းသော လင်းတ သေဆုံးမှုအား မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက Cape၊ White-backed နှင့် Lappet-faced မျိုးစိတ်သုံးမျိုးက လင်းတအကောင်ရေ အနည်းဆုံး ၁၉၁ ကောင်က ဓာတ်အားလိုင်း တိုက်မိမှုကြောင့် သေဆုံး ခဲ့ပါတယ်။ နှစ်စဉ် သေဆုံးမှု ၄၀ ခန့်ကို မှတ်တမ်းတင်ထားပြီး လစဉ် ပျမ်းမျှ ငှက်သုံးကောင် သေဆုံးခဲ့ပါတယ်။ အဲ့ဒါက မှတ်တမ်းအရ သေဆုံးမှုဖြစ်ပြီး မြေပြင်မှာ သေဆုံးတဲ့ အရေအတွက်က အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment