(၇၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ၌ မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ၌ မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၃

လယ်ယာကဏ္ဍဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုး လုပ်ကိုင်သူများအားလုံး ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက မျိုးစေ့ဥပဒေ ဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးတွင် တောင်သူများသုံးစွဲသည့်မျိုးကို ကိုယ်တိုင်မျိုး စေ့ထုတ်နိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊ ပညာရှင်များအနေဖြင့် သီအိုရီကိုအခြေခံသည့် မျိုးစေ့ထုတ်နည်းစနစ်များကို လက်တွေ့အသုံးချမှုနယ်ပယ်နှင့်ကိုက်ညီသည့် ပုံစံဖြစ်အောင် ဆန်းသစ် တီထွင်၍ တောင်သူများ၏ အကျိုးစီးပွားအလို့ငှာ တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေး ကူညီပေးစေလိုပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရာတွင်လည်း သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ အထူးအလေးထားဆောင်ရွက်ရန် မှာကြားလိုသည်မှာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သီးနှံမျိုးသစ်တစ်မျိုးကို မျိုးစေ့ကော်မတီမှ အတည်ပြုပြီး စတင်ဖြန့်ဝေခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်သည့်အချိန်မှစ၍ အဆိုပါမျိုးနှင့်ပတ်သက်သည့် အရည်အချင်းလက္ခဏာများ၊ ထူးခြားချက်များကို စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများအား ဆရာဖြစ်သင်တန်း (TOT) သင်တန်းပေးရမည်ဖြစ်ကာ ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မှစ၍ မျိုးစေ့ခြံတိုင်းမှထုတ်သည့် မျိုးတိုင်းသည် မျိုးစေ့ဖြစ်အောင် ဆောင်ရွက်ရန် လို‌အပ်ပါကြောင်း အွန်လိုင်းမှ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ ပညာရှင်တစ်ဦးက မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်း စရာများကို ဆွေးနွေးတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ဖြေကြားဆွေးနွေးသည်။

(၇၇) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ၊ နေပြည်တော် ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိမြို့နယ်တို့မှ တောင်သူ ၂၆ ဦး၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၅၁ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၅၆ ဦးတို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)