ဂျာမန်အလုပ်လက်မဲ့ပြဿနာက ၁၀ နှစ်အတွင်းမှာ အဆိုးဝါးဆုံးဖြစ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမန်အလုပ်လက်မဲ့ပြဿနာက ၁၀ နှစ်အတွင်းမှာ အဆိုးဝါးဆုံးဖြစ်နေ


ဩဂုတ် - ၃၀ ( စနေနေ့ ) 

ဂျာမနီနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းများက ဖော်ပြလိုက်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုက ၃ နှစ်ဆက်တိုက် ကျုံ့သွားနိုင်ခြေရှိသဖြင့် အလုပ်သမားရေးရာအစီရင်ခံစာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်မှစပြီး သြဂုတ်လတိုင်း၌ အလုပ်သမားရေးရာဌာနက စာရင်းထုတ်ပြန်မှုပြုလုပ်ခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် အလုပ်လက်မဲ့ဦးရေ သုံးသန်းအထိ ရောက်ရှိလာကြောင်း ကိန်းဂဏန်းများအရ သိရပါတယ်။ အလုပ်လက်မဲ့ ဦးရေက လစဉ် ၄သောင်းခွဲကျော် တိုးလာနေပါတယ်။ လက်ရှိမှာ ဂျာမန်လူဦးရေ ရဲ့ ၆.၄% ဖြစ်တဲ့ လူဦးရေ ၃ သန်းကျော်က အလုပ်လက်မဲ့ဖြစ်နေပါတယ်။ 

ပြည်ထောင်စု အလုပ်သမား အေဂျင်စီ ရဲ့ အကြီးအကဲ အန်ဒရီရာ နာဟလ်လီ က ဂျာမနီနိုင်ငံရဲ့ အားနည်းသော စီးပွားရေးအပေါ် အလုပ်သမားဈေးကွက် ရုန်းကန်နေရမှုများကို အပြစ်တင်ခဲ့ပါတယ်။ ဂျာမနီရဲ့ စီးပွားရေးက ဥရောပသမဂ္ဂ (အီးယူ)မှာ အကြီးဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ၀.၃ % ကျုံ့သွားပြီးနောက်၂၀၂၄ ခုနှစ်တွင် ၀.၂ % ကျုံ့သွားခဲ့ပါတယ်။ ယခုနှစ် ပထမသုံးလပတ်တွင် ၀.၃ % တိုးလာပေမဲ့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်ကြောင့် အနာဂတ် စီးပွားရေးက မသေချာမရေရာမှုများ တိုးလာနေပါတယ်။ ဂျာမနီသည် တိုးတက်မှုမရှိဘဲ ၃ နှစ်ဆက်တိုက် ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မကြာသေးမီက သတိပေးခဲ့ပါတယ်။ 

ဂျာမနီ စီးပွားရေးကျဆင်းမှုက စက်မှုလုပ်ငန်းအတွက် အရေးကြီးတဲ့ တန်ဖိုးနည်း ရုရှားစွမ်းအင်တင်သွင်းမှုကို ရပ်တန့်ရန် ရုရှားရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်နေပါတယ်။ ရုရှား ပိုက်လိုင်းဂတ်စ် ပို့ဆောင်မှု အများအပြား ရပ်တန့်သွားတာရယ်၊ Nord Stream ပိုက်လိုင်းများ ပျက်စီးသွားတာရယ်၊ ဥရောပ ဓာတ်ငွေ့ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့တာရယ်တို့ကြောင့် ဂျာမနီရဲ့ စီးပွားရေး ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ 

ရုရှားကို ပိတ်ဆို့အရေးယူမှု မလုပ်ခင်က ဂျာမနီသည် တိုင်ပြည်မှာ လိုအပ်နေတဲ့ ဓာတ်ငွေ့ပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ရယူခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်နှင့် ကာတာတို့မှ တန်ဖိုးကြီးသော သဘာဝဓာတ်ငွေ့ (LNG) တင်သွင်းမှုအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)