ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးကို TNLA/ PDF အကြမ်းဖက်သမားတွေကို ယုတ်မာရိုင်းစိုင်းစွာ မိုင်းခွဲဖျက်ဆီးလိုက်ကြပါတယ်။ ဒီအခြေအနေကို မြင်တွေ့ ကြားသိလိုက်ရတဲ့ ပြည်သူတိုင်း အံ့သြမင်သက် ဖြစ်ကြရပါတယ်။ ပြည်သူတွေရဲ့ နှုတ်ဖျားက ထွက်လာတဲ့ အာမေဋိတ် စကားသံတွေကတော့ "လုပ်ရပ်လိုက်ကြတာ၊ လုပ်ရပ်ကြလေခြင်း၊ မလုပ်သင့်ပါဘူး" ဆိုတဲ့ စကားသံတွေနဲ့အတူ အကြမ်းဖက်အဖွဲ့တွေရဲ့ အောက်တန်းစားစိတ်ဓာတ်၊ အောက်တန်းစား လုပ်ရပ်တွေကို ရွံမုန်းလာကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး လူမှုအဖွဲ့အစည်းအသီးသီးကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချခဲ့ကြသလို ၂၈-၈-၂၀၂၅ ရက်နေ့မှာလည်း နေပြည်တော်မှာ TNLA/ PDF အကြမ်းဖက်အဖွဲ့များက ဂုတ်ထိပ်တံတားကြီးကို မိုင်းခွဲဖျက်ဆီးတဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပြီး တာဝန်ရှိသူများအနေနဲ့ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ ထိထိရောက်ရောက် တားဆီးနှိမ်နင်းပေးနိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီးနောက် တပ်မတော်စစ်ကြောင်းများကလည်း TNLA/ PDF အကြမ်းဖက်အဖွဲ့တွေကို လိုက်လံနှိမ်နင်းဆောင်ရွက်နေတဲ့ သတင်းတွေ တွေ့မြင်ရပါတယ်။ ၂၉-၈-၂၀၂၅ ရက်နေ့မှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့က "အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ် မီးရထားလမ်းနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း" ထုတ်ပြန်ခဲ့ပါတယ်။
TNLA အကြမ်းဖက်အဖွဲ့၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တပ်မတော်က တန်ပြန်ထိုးစစ်များဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တပ်မတော်အနေဖြင့် နောင်ချိုမြို့မှတစ်ဆင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲ လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ နောင်ချိုမြို့မှ ဆုတ်ခွာပြီးနောက်ပိုင်း လမ်းကြောင်းတစ်လျှောက် ခုခံမည့်နေရာများအား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများသည် နောင်ချို-ဂုတ်တွင်း လမ်းကြောင်း၊ နောင်ချို- ဂုတ်ထိပ်မီးရထားလမ်း လမ်းကြောင်းများဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
ထိုသို့ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထားလမ်းကြား နေရာတစ်ဝိုက်ရှိ မြေပြင်အနေအထားသည် ပေ ၃၀၀ ကျော်နက်ပြီး တစ်ဖက်နှင့်တစ်ဖက် ပေ ၂၀၀၀ ကျော်ဝေးကွာသော သဘာဝအတားအဆီး ချောက်ကမ်းပါးရှိနေပြီး အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်လည်း အဆိုပါမြေအနေအထားကို အခွင့်အကောင်းယူ၍ ကမ်းပါးတစ်လျှောက် အခိုင်အမာ ကွန်ကရစ်ဘန်ကာများ တည်ဆောက်ကာ အပေါ်စီးမှ စိုးမိုးနေရာယူကာ တပ်မတော်စစ်ကြောင်းများ ဆက်လက်ချီတက်နိုင်မှု မရှိစေရန်အတွက် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ရန် စီမံထားကြောင်း တပ်မတော်စစ်ကြောင်းများက ထောက်လှမ်းသိရှိခဲ့ရပါတယ်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနေရာများအား ဖြတ်ကျော်ရန် နည်းလမ်းမျိုးစုံဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မြေအနေအထားအရ မိမိဘက်မှ အရေးသာမှုမရှိသည့်အတွက် ရန်သူအား အဆိုပါနေရာတစ်ဝိုက်တွင် ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူမျှော်လင့်မထားသည့် ဂုတ်ထိပ်တံတား တောင်ဘက် ၈ ကီလိုမီတာခန့်အကွာနေရာမှတစ်ဆင့် နမ့်ပန်စီချောင်း၏ ချောက်ကမ်းပါးအား ခဲရာခဲဆစ် ဖြတ်ကျော်လျက် နမ့်ပန်စီချောင်း တစ်ဖက်ကမ်းသို့ ခက်ခက်ခဲခဲဖြတ်ကူးကာ ရန်သူနောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား စစ်နည်းဗျူဟာမြောက် မြေပြင်၊ ဝေဟင်ပေါင်းစပ်ပြီး အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံတိုက်ခိုက်ချေမှုန်း၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် ခဲတုံကြိုင်ကျေးရွာ၊ ၂၁ ရက်တွင် ကောင်းပိုကျေးရွာ၊ ၂၂ ရက်တွင် ထန်းတပင်ကျေးရွာ၊ ၂၃ ရက်တွင် ပန်တိကျေးရွာ၊ ၂၄ ရက်တွင် နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာနှင့် ဇီးပင်စခန်းကျေးရွာ၊ ၂၅ ရက်တွင် ကျောင်းကုန်းကျေးရွာ၊ ၂၆ ရက်တွင် စန္ဒမုနိ ကျောင်းတိုက်၊ ၂၇ ရက်တွင် နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ၂၈ ရက်တွင် ရှုခင်းသာ၊ ယနေ့တွင် ဂုတ်ထိပ်တံတားနှင့် အဆိုပါ ဒေသတစ်ဝိုက်တို့ကို အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၁၂ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် (၄၇) ကြိမ်ဖြစ်ပွားခဲ့ကာ ရန်သူ့အလောင်း ၂၉ လောင်းနှင့် လက်နက်မျိုးစုံ ၂၃ လက်တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများအား အခိုင်အမာခံစစ်စခန်းတည်ဆောက်ထားသည့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်းတံတားနေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီးကိုအကာအကွယ်ယူ၍ မြေအနေအထားအသာစီးရယူထားသော အကြမ်းဖက်သောင်းကျန်းသူတို့အား နောင်ချိုမြို့ဘက်ခြမ်း ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်းတွင်ရှိသော တပ်မတော်စစ်ကြောင်းများအနေဖြင့် ရန်သူ့အား ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူ့မျှော်လင့်ထားခြင်းမရှိသော လမ်းကြောင်းမှ ရန်သူ၏နောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား ဦးစွာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောင်ပိန်ကျေးရွာမှတစ်ဆင့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်ဒေသတစ်ဝိုက်အား ရန်သူ့နောက်ကျောမှ အဆင့်ဆင့်ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၂-၇၈/၃) အတွင်းတည်ရှိသည့် တံတားအမှတ် (၉/၈၄)၊ သံကူကွန်ကရစ်တံတားအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ဂုတ်တွင်းတံတား (အသစ်) နှင့် (အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော် ရှေးဟောင်းတံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား၏ ကျောက်မဲမြို့ဘက်အခြမ်းရှိ တံတားတိုင်အမှတ် (P - 16) နှင့် ကမ်းကပ်ခုံ (AB - 2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့အားလည်းကောင်း အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနှင့် နောင်ချို-ကျောက်မဲ လမ်းကြောင်းတလျှောက်၌ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများပိတ်ဆို့ထားခြင်းတို့ကို လုပ်ဆောင်ခဲ့တဲ့ အခြေအနေကိုလည်း တွေ့မြင်ရပါတယ်။
ထိုသို့ အကြမ်းဖက်သမားများလုပ်ဆောင်ခဲ့သည့် လမ်းကြောင်းတလျှောက်ရှိ အတားအဆီးနေရာများနှင့် လမ်းတံတားများအား တပ်မတော်စစ်ကြောင်းများက လူအင်အားနှင့် စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းများနှင့် ဂုတ်တွင်းတံတားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များက ယာယီသံပေါင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေး ထုတ်ပြန်ချက်ကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် တပ်မတော် စစ်ကြောင်းများအနေနဲ့ တိုင်းဖျက်၊ ပြည်ဖျက် လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေ ဒီနေရာကနေ ပပျောက်သွားဖို့ ခဲခဲယင်းယင်း ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဆင်ခြင်တုံတရားမရှိ၊ တရားစစ် တရားမှန်ကို နားလည်ခြင်း မရှိတဲ့ ပြည်ဖျက်မိစ္ဆာတွေဟာ အများပြည်သူ သွားလာအသုံးပြုနေတဲ့ လမ်းတံတားများကို ဖျက်ဆီးပြီး စစ်ရေးအရ အသာစီးရဖို့ တစ်ခုသာ ကြံရာမရ ယုတ်မာကောက်ကျစ်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒီလို အများပြည်ငါ အသုံးပြုနေတဲ့ လမ်းတံတားများကို ဖျက်ဆီးခြင်းဟာ ဘဝအဆက်ဆက် ဒီငမိုက်သားတွေ ပေးဆပ်ရမယ့် ဝဋ်ဒုက္ခက အလွန်ကြီးမားပါတယ်။
ဒီလို ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘေးအန္တရာယ်ကို ရှင်းလင်း၊ အများပြည်သူ သွားလာရေးအဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်ပေးတဲ့ တပ်မတော်အရာရှိ၊ တပ်မတော်သားတွေရဲ့ ဆောင်ရွက်ချက်ကတော့ သူတော်ကောင်းများရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်မျိုးဖြစ်လို့ တပ်မတော်သည် ဆက်လက်အောင်ပွဲဆင်မည်။ တိုက်ပွဲ တစ်ရာ၊ အောင်ပွဲ တစ်ရာ ဧကန်မုချ အောင်ပွဲရမည်သာ -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment