ချုံချင့်၊ သြဂုတ် ၁၃
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (China Council for Promotion of International Trade_ CCPIT Chongqing Committee) မှ ဒုတိယဥက္ကဋ္ဌ Mr. Yang Xuchoa အား ၁၂-၈-၂၀၂၅ ရက်တွင် ချုံချင့်မြို့ရှိ CCPIT ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ချုံချင့်နှင့် မြန်မာအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ CCPIT Chongqing Committee မှ ဦးဆောင်ကျင်းပသည့် ကုန်စည် ပြပွဲများတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်များ ပါဝင်ပြသနိုင်ရေး၊ ယင်းကုန်စည်ပြပွဲများအတွင်း မြန်မာအမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးအစီစဉ်များ ထည့်သွင်းကျင်းပနိုင်ရေး၊ မကြာမီကာလ တွင် CCPIT Chongqing Committee နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MWANWEN) အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ပွဲနှင့် ကုန် ပစ္စည်း မိတ်ဆက်ပွဲ ကျင်းပနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment