မန္တလေး၊ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder)များ၊ ဓာတ်မြေဩဇာများ နှင့် မျိုးစေ့များ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ကုန်ကျစရိတ်နှင့် လုပ်ခကုန်ကျစရိတ်သက်သာ ခြင်း၊ ကြဲခင်းထက် တစ်ဧကအထွက်နှုန်း ပိုမိုရရှိစေသည့်အကျိုးအမြတ်များ ရရှိခံစားရခြင်းတို့တွင် များစွာပံ့ပိုးမှုအားဖြစ်စေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၁၀၀)လက်ကို တောင်သူများလက်ဝယ် ပေးအပ်ခြင်းဖြစ် ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံကျသည့် မျိုး၊ မြေ၊ ရေ နှင့် နည်းပညာတို့ကို ခေတ်စနစ်နှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံး ခြင်းအား ပိုမိုလုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ အထွက်ကောင်းမျိုး စေ့များဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များဖြန့်ဝေမှုတို့ကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများကမျိုးစေ့ချကိရိယာ(Drum Seeder)များ၊ စပါးမျိုးစေ့အိတ် (၁၀၀)အိတ်၊ နေကြာမျိုးစေ့အိတ် (၁၀၀)အိတ်၊ ဝါမျိုးစေ့ အိတ်(၁၀၀)အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာအိတ်(၁၀၀)အိတ် တို့ကို ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ ပေးအပ်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည် မြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာ၊ ကွင်းအမှတ်(၁၄၉)၌ GW 11 နှင့် အောင်နိုင်တိုး မျိုးစပါးစိုက်ဧက (၂)ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များ နှင့် တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် တောင်သူများအား စိုက်ကွင်းအတွင်း လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် လက်တွေ့သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment