ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၁၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရန်ကုန်မြို့အခြေစိုက်အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမြှင့်တင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-အီဂျစ် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပနိုင်ရေးနှင့် အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ညီနောင်အသင်းများနှင့်အီဂျစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်း၊ ဝါနှင့် ချည်မျှင်ဆင့်တက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာလွှဲပြောင်းရယူနိုင်ရေး ဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အီဂျစ်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)