ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

 


နေပြည်တော်၊ ဩဂုတ် ၁၅

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာ စကားပြောကြားသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏(၁၅)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းလာသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မက္ကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပမည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးရန်နှင့် ဩဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် APG နှစ်ပတ်လည် အစည်းအဝေးနှင့် သင်တန်းနှင့် နည်းပညာပေးအပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရန်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနယ်ပယ်တွင် အကောင်အထည်ဖော်ဆောင် ရွက်မှုများကို ပေးပို့ရန်အချက်များအလိုက် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးပြောကြားသည်။

ထို့နောက်တိုးတက်မှုအစီရင် ခံစာအပေါ် ထပ်မံမေးမြန်းသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများကလည်းကောင်း၊ ၂၀၂၅ ခုနှစ် APG နှစ်ပတ် လည်အစည်းအဝေးနှင့် သင်တန်းနှင့် နည်းပညာပေးအပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် တပ်ဖွဲ့မှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ တာဝန်ရှိသူများ၊ တိုးတက်မှုအစီရင်ခံစာမူကြမ်း (အင်္ဂလိပ်+ မြန်မာ)စိစစ်ရေးသား အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)