မှော်ဘီ ၊ ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မှော်ဘီခရိုင်မှူးနှင့်မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် ဦးစီးမှူးရုံး မှလဝကမှူးဒေါ်စန်းစန်းဌေးနှင့်ဝန်ထမ်း(၆)ဦးတို့ကမြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင်နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့်UIDနံပါတ်ထုတ်ပေခြင်းများကိုဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင်မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်ဆွေ နှင့်လဝကဝန်ထမ်းများကပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့်နိုင်ငံ့ဝန် ထမ်း ( ငြိမ်း) ပင်စင်စားများနှင့်အခြားနိုင်ငံဝန်ထမ်းမဟုပ်သောရပ်ကွက်/ကျေးရွာအများပြည်သူများအားလည်းနိုင်ငံသားစိစစ်ရေးကဒ်ပြားများအပြောက်အပျက်များပြုလုပ်ဆောင်ရွက်ပေးခြင်း၊Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်း၊UIDနံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများကိုမှော်ဘီမြို့နယ်လဝကရုံးတွင်ရုံးဖွင့်ရက်တိုင်းဆက်လက်ဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment